မည်သို့ပင်ဆိုစေ မြန်မာပြည်သူတို့၏အသံနှင့် နွေဦးတော်လှန်ရေး အလံတော်မှာ ကုလသမဂ္ဂရင်ပြင် ၌ တလူလူလွင့်နေဆဲဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံတော်အစိုးရအဖြစ် ကုလသမဂ္ဂတွင် တရားဝင်အသိအ မှတ်မပြုထားသော်ငြား မြန်မာပြည်သူနှင့် NUGအစိုးရကို ကိုယ်စားပြုသော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်တည်ရှိနေခြင်းသည် အရှက်အ ကြောက်ကင်းမဲ့ လွန်းလှသည့် စစ်ကောင်စီ၏ ပါးစပ်ပေါက်ကို ခပ်တင်းတင်း ပိတ်ပြီးသားလည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်ထက်တွင် မြန်မာပြည်သူတို့အ ရေး ပြောခွင့်ရသည့်အခါတိုင်း တစ်ကမ္ဘာလုံး ကြားရလေအောင် ပြောမြဲဖြစ်သည်။စက်တင်ဘာ၂၈ရက်နေ့မှ စ တင်ကာ ၇၈ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊တတိယကော်မတီ အစည်းအဝေးများ စတင်တော့ သံအမတ်ကြီး၏ အသံမှာ ကုလစင်မြင့်ထက်တွင် နေ့စဉ်ဆိုသလို ကြားခဲ့ရသည်။
စက်တင်ဘာ၂၈ရက်၊ကုလရင်ပြင်ထက် သံအမတ်ကြီး၏ မိန့်ခွန်းတွင် ကုလသမဂ္ဂအနေနှင့် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်နိုင်ခြင်းမရှိသော ကြောင့် မြန်မာပြည်သူတို့က ယုံကြည်မှုကျဆင်းလာသည်ဟုဆိုသည်။ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအ နေနှင့် မြန်မာပြည်သူများကို ချန်လှပ်မထားဘဲ ခိုင်မာ ထိရောက်သည့်ကူညီထောက်ပံ့မှုများ ပေးရန်လည်း တောင်းဆိုခဲ့သည်။
အောက်တိုဘာ၂ရက်နေ့၊ကုလရင်ပြင်ထက်က မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သော အစည်းအဝေးတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၌ မအောင်မြင်သော အာဏာသိမ်းပွဲ စတင်ပြီးနောက် ဘိန်းစိုက်ပျိုးမှု မြင့်တက် လာခြင်းအကြောင်း။အောက်တိုဘာ၄ရက်နေ့ အစည်းအဝေးတွင်တော့ ကုလသမဂ္ဂအနေနှင့် မြန်မာပြည်သူ များအပေါ် တာဝန်ပျက်ကွက်မှုမရှိစေရေး၊ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေနှင့် မြန်မာပြည်သူတို့၏ စ ကားကို ဂရုတစိုက်နားထောင်ပေးရေး သံအမတ်ကြီးက တိုက်တွန်းခဲ့ပြန်သည်။
သံအမတ်ကြီးက ဘဏ္ဍာရေးနှင့်သက်ဆိုင်သော အစည်းအဝေးတွင်လည်း နိုင်ငံတကာအသိုက်အဝန်း အနေနှင့် မြန်မာပြည်သူများကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးရန် တောင်းဆိုခဲ့သလို လက်ရှိအခြေအနေအ ရ မြန်မာနိုင်ငံသို့ပေးအပ်မည့် အကူအညီအားလုံးသည် လိုအပ်နေသော ပြည်သူများအားလုံးထံသို့ ရောက်ရှိရန် လိုကြောင်းနှင့် ကုလအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အားလုံးသည် အမျိုးသားညီညွတ်ရေးအ စိုးရအပါအဝင် အဓိကသက်ဆိုင်သူ အားလုံးနှင့် လက်တွဲလုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။
ဆက်လက်ပြီး ကုလသမဂ္ဂ ကလေးသူငယ်နှင့် သက်ဆိုင်သော အစည်းအဝေးတွင် မြန်မာကလေးငယ် များ ရင်ဆိုင်နေရသောဒုက္ခကို အထူးအလေးပေးအာရုံထားကြရန်နှင့် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၄၆၆ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း သံအမတ်ကြီးက ဖွင့်ချခဲ့သည်။
သံအမတ်ကြီးသည် ကုလအစည်းအဝေးတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အထိုင်မှနေ၍ မြန်မာ ပြည်သူတို့၏ အသံကို ကိုယ်စားပြုနေသလို နိုင်ငံတကာအသိုက်အဝန်းအနေနှင့် အာဏာသိမ်းစစ်ကောင်စီကို ထိရောက်သော အရေးယူမှုပြုရန်နှင့် မြန်မာပြည်သူများကို ထိရောက်သော အကူအညီများပေးရန် တောင်းဆို မြဲ ဖြစ်သည်။
နွေဦးတော်လှန်ရေးမှာ ၂နှစ်ခွဲကျော်ကြာပြီဖြစ်သည်။ မြန်မာပြည်သူတို့၏အသံမှာ ကုလရင်ပြင်၌ အ ဆက်မပြတ် ထွက်ပေါ်နေသော်လည်း မြန်မာပြည်သူတို့၏ တောင်းဆိုမှုများမှာမူ ယနေ့ထိတိုင် နိုင်ငံတကာအ သိုက်အဝန်း၏ လျစ်လျူရှုခြင်း ခံနေရဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ၊သံအမတ်ကြီးမှာ တောင်းဆိုမြဲ တောင်းဆိုမပျက်ပင်ဖြစ်သည်။အဘယ့်ကြောင့် ၂နှစ် ခွဲကျော်ကြာ လျစ်လျူရှုခံထားရခြင်းအပေါ် စိတ်မပျက် ဆက်လက်တောင်းဆိုနေရသနည်း။သံအမတ်ကြီး၏ တာဝန်မှာ ပြည်သူတို့၏အသံကို ထုတ်ဖော်ပြောကြားရန်နှင့် တောင်းဆိုရန် ဖြစ်သောကြောင့်ဖြစ်သည်။ပြောရ လျှင် သံအမတ်ကြီးသည် နွေဦးတော်လှန်ရေးအတွင်း ၎င်းတာဝန်ကျရာဇာတ်ရုပ်တွင် ပီပြင်စွာ တာဝန်ကျေနေ ခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးအတွင်း သေနတ်ကိုင်နိုင်သူကကိုင်သည်။အလံကိုင်နိုင်သူကကိုင်ပြီး စစ်ရှောင် ကူသူက ကူ၊ကလောင်ကိုင်နိုင်သူက ကလောင်၊ငွေ တတ်နိုင်သူက ရန်ပုံငွေထည့်ဝင်ခြင်းဖြင့် ကိုယ့်ဇာတ်ရုပ် ကိုယ်သိကာ ပီပြင်စွာ သရုပ်ဆောင်နိုင်ကြရန် လိုသည်။နွေဦးတော်လှန်ရေးကပေးသည့် ကြီးလေးသောတာဝန် သည် ထောင်လွှားစရာမဟုတ်သလို သေးငယ်သောတာဝန်ကိုယူရခြင်းမှာလည်း သိမ်ငယ်စရာတော့ မဟုတ် ပေ။
အဓိကအကျဆုံး အချက်မှာ မိမိကျရာတာဝန် သို့မဟုတ် မိမိထမ်းနိုင်သောတာဝန်ကို လူတိုင်းကိုယ်စီ ကျေပွန်စွာ ထမ်းဆောင်နိုင် ခြင်းဖြစ်ပြီး ယင်းသည် ဒီမိုကရေစီမုခ်ဦးဆီသို့ အမြန်ရောက်ရှိစေမည့် ယာဉ်ငယ် တစ်စီး ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။