By MPA
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံ ထားရသည့် အရပ်သားအစိုးရခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ (ဇူလိုင်လ ၁၅ ရက်) ယနေ့တွင် တွေ့ဆုံခဲ့သည်ဟု တပ်မတော်နှင့်နီး စပ်သော အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
ယင်းသို့ တွေ့ဆုံမှုတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်က မည်သည့်ကိစ္စဖြင့် သွားရောက်တွေ့ဆုံသည်ကို လတ်တလော မသိရှိရသေးကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ် အတွက် ရှေ့နေ လိုက်ပါဆောင်ရွက်ပေးနေသူများအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် သိရှိခြင်း မရှိသေးကြောင်း ပြန် လည်ဖြေကြားခဲ့သည်။
“ အန်တီနဲ့က ကျွန်မတို့က ရုံးချိန်းရှိတဲ့နေ့မှ အဆက်အသွယ်ရတာ။ ခုမေးတဲ့ ဟာကိုတော့ ကျွန်မတို့လည်းမသိရသေးဘူး” ဟု အတိုင်ပင်ခံပုဂ္ဂို လ် ၏ ရှေ့နေအဖြစ်ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က MPAသို့ ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံတွေ့ဆုံပွဲသို့ စစ်ကောင်စီဘက်မှ ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင် လွင်တက်ရောက်ခဲ့ပြီး မည်သည့်အကြောင်း အရာများ ဆွေးနွေးခဲ့သည်ကို စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
Photo – MNA
#အတိုင်ပင်ခံပုဂ္ဂိုလ် #အာဏာသိမ်းစစ်ခေါင်းဆောင် #သွားရောက်တွေ့ဆုံ #MPA
တောင်ငူလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်သား ၃ဦးသေ၊ ရဟတ်ယာဉ် တစ်စီးပျက်စီးဟုဆို
တောင်ငူ လေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေကာ ရဟတ်ယာဉ် တစ်စီးပျက်စီးသွားကြောင်း Bago Region PDF ကထုတ်ပြန်သည်။ မတ်လ ၂၇ရက်နေ့က KNLA နှင့် PDFတပ်ဖွဲ့တို့ပူးပေါင်းကာ Rain...