ရန်ကုန်တိုင်း၊တွံတေးမြို့လယ်ခေါင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ကာ မြို့၏ အချက်အချာကျသည့်နေရာများ၌ CCTVကင်မရာများတပ်ဆင်လိုက်ကြောင်းသိရသည်။
စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၄ နာရီဝန်းကျင်တွင် တွံတေးမြို့လယ်ခေါင် ကမ်းနားနာရီစင်ပန်းခြံရှိ စစ်ဆေးရေးဂိတ်ကို မြို့ပြပြောက်ကျားရဲဘော်များက တိုက်ခိုက်ခဲ့ပြီးနောက် တွံတေးတူးမြောင်း အနီး CCTV များတပ်ဆင်ခြင်း၊တူးမြောင်း ကမ်းနံဘေးတွင် လှေနှင့်သင်္ဘောများဆိုက်ကပ်ခွင့်ရပ်နားခြင်းနှင့်ရဲစခန်းရှေ့ပိတ်ဆို့တားဆီးခြင်းတို့လုပ်ဆောင်နေကြောင်း PDF Twantay-တောကြီးတန်းသွေး ထံကသိရသည်။
“ကျနော်တို့စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်တော့ ပျူ ၂ကောင်သေတယ်။အတည်ပြုဖို့တော့ခက် တယ်။သူ တို့ ဘက်က သတင်းဖုံးထားတယ်။လက်လုပ်မိုင်းနဲ့အရင်ပစ်တာ။ပြီးမှ သေနတ်အရှည်တွေ နဲ့ဆွဲတာ။အဲ့လို တိုက်ခိုက်ပြီးတော့ တွံတေးမြို့ပေါ်မှာ ကင်းပတ်တာတွေလည်းခြေချင်းလိမ်နေတာပဲ။ ရွှေဆံတော်ရပ် ကွက် ကိုဆို ဧည့်စာရင်းစစ်တာကြမ်းတယ်။တွံတေးတူးမြောင်းကို လှေတွေ၊ သင်္ဘောတွေ ကပ်ခွင့်လည်း ပိတ် ထားတယ်။ရဲစခန်းရှေ့ဆို အဆိုးဆုံးပိတ်ထားတာ”ဟု PDF Twantay-တောကြီးတန်းသွေး မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုက်ခဲ ကပြောသည်။
ယင်း စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦးသေဆုံးမှုအပေါ် စစ်ကောင်စီ တပ်က သတင်းအမှာင်ချထားကြောင်းလည်းသိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း တွံတေးမြို့မရဲစခန်းကို ၄၀ (မမ )ဗုံးသီးဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ချို့ယွင်းမှုဖြစ်ပြီး ကျည်မထွက်တာ ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
PDF Twantayသည် သင်တန်းဆင်း အထူးပြောက်ကျားရဲဘော်များကို ပထမဆုံး မြေပြင်လက်တွေ့လေ့ ကျင့်ခန်းအဖြစ် တွံတေးမြို့ခံရဲစခန်းနှင့် မြို့လယ်ခေါင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။