KNUတပ်မဟာ၅နယ်မြေတွင်ရှိသောကျေးရွာများတွင် ဇူလိုင်(၅) ရက်နေ့မှဇူလိုင်လ (၇) ရက်နေ့အထိတိုက်ပါပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ၁၀ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဇူလိုင်လ(၅)ရက်န့င့်ဝါ့ကလေကျေးရွာနှင့်ထဲနယ်ကျိုးကျေးရွာတွင် KNLA တပ်မဟာ(၅) နယ်မြေ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင်(၄)ဦး၊ဇူလိုင်လ၆ရက်တွင် တခိုကျိုးကျေးရွာ၌ KNDOတပ်ရင်(၁)နှင့်တိုက်ပွဲတွင်(၁)ဦး၊ထပ်မံ၍ KNLA တပ်မဟာ(၅)နယ်မြေလက်အောက်ခံတပ်ရင်း(၁၅) နှင့်တိုက်ပွဲများဖြစ်ပွားရာတွင်(၄)ဦးနှင့်ဇူလိုင်လ(၇)ရက်နေ့တခိုကျိုးကျေးရွာတွင်KNLAဗဟိုဌာနချုပ်လက်အောက်ခံအထူးကွန်မန်ဒိုအပါအဝင် KNDO တပ်ရင်း(၁) ပူးပေါင်းအဖွဲ့ နှင့်တိုက်ပွဲတွင်၁ဦးအသီးအသီးကျရှုံးခဲ့ကြောင်းမူတြော်သတင်းစဥ်ကထုတ်ပြန်ထားသည်။
KNUနယ်မြေအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင်စစ်တပ်အနေဖြင့်လက်နက်ကြီးများအသုံးပြုခဲ့ပြီးစစ်တပ်နှင့်အတူBGFအဖွဲ့ကပါတိုက်ခိုက်ပေးသည့်အခါများလည်းရှိကြောင်းသိရသည်။
ဇူလိုင်လ၇၇က်နေ့တွင်စစ်တပ်လက်အောက်ခံနယ်ခြားစောင့်တပ်BGFတပ်ရင်းအမှတ် ၁၀၁၃ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှခွေးသေရွာသားများ၏လုပ်ငန်းခွင်များသို့လက်နက်ကြီးဖြင့်အများအပြားပစ်ချခဲ့ကြောင်းသိရသည်။
စစ်တပ်အနေဖြင့်အာဏာသိမ်းပြီးချိန်တွင်၎င်းတို့၏တပ်ပိုင်မီဒီယာတွင်ငြိမ်းချမ်းရေးအတွက် NCAကိုဆုပ်ကိုင်ထားကြောင်းကြေညာသော်လည်းတိုင်းရင်းသားဒေသများတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီးစစ်တပ်ဘက်မှအသေအပျောက်များလျက်ရှိသည်။
ကသာPDFကလည်းကချင်ပြည်နယ်အတွင်၅ရက်အတွင်းစစ်သား၂၀၀သေဆုံးခဲ့ကြောင်းဇူလိုင်၁၀ရက်နေ့ကထုတ်ပြန်ခဲ့သေးသည်။