By MPA
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ လှသီတာ စိန်ရွှေရတနာဆိုင်ကို ယနေ့ နံနက်ပိုင်းအချိန်၌ လူတစ်စုသည် လက်နက်များ ကိုင်ဆောင်၍ အနုကြမ်းစီးခဲ့ပြီးပစ္စည်းများပါသွားခြင်းမရှိကြောင်းသိရသည်။
“နံနက်ပိုင်း၈နာရီလောက်မှာ၅ယောက်၆ယောက်လောက်ပါမယ်။သေနတ်တွေလည်းပါကြတယ်။အနုကြမ်းစီးတာပေါ့ ဒါပေမယ့်ဆိုင်ကလူတွေလုံခြုံရေးတွေကလည်းခံချတယ်။အဲ့တာကြောင့်ဘာမှပါမသွားပါဘူး။”အမည်မဖော်လိုသူရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောသည်။
ဇူလိုင်လ၁၁ရက်နံနက်ပိုင်းတွင် လှသီတာရွှေဆိုင်သို့လက်နက်များပါဝင်သည့်လူတစ်စုရောက်ရှိလာပြီး အနုကြမ်းစီးရန်ပြုလုပ်ခဲ့သည့်အတွက်ဆိုင်အတွင်းမှလူများနှင့်လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်းခုခံခဲသည့်အတွက်ထွက်ပြေးသွားခဲ့ကြသော်လည်းတစ်ဦးကိုဖမ်းဆီးထားပြီးနောက်တွင်မှရဲများရောက်လာခြင်းဖြစ်ကြောင်းသိရသည်။
ပစ္စည်းပါသွားခြင်းရှိမရှိနှင့်ဖြစ်စဥ်အသေးစိပ်နှင့်ပက်သက်ပြီးMPAအနေဖြင့်လှသီတာရွှေဆိုင်သိူ့ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍ရရှိခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံတွင်စစ်တပ်မှအာဏာသိမ်းပြီး၅လကျော်အကြာတွင်မြို့လယ်ခေါင်တွင်ယခုကဲ့သို့ပေါ်ပေါ်တင်တင်လုယက်မှုများကိုကြုံတွေ့ရခြင်းဖြစ်သည်။
#လှသီတာ #အနုကြမ်းစီ #ရန်ကုန် #MPA