10 July 2021 By MPA
ကချင်ပြည်နယ်၊ ကသာမြို့တွင် ဇူလိုင်လ (၅) ရက်န့မှ (၉) ရက်နေ့အထိကာလအတွင်း KIAနှင့်PDFတို့၏တိုက်ခိုက်မှုများကြောင့် စစ်သား၂၀၀သေဆုံးခဲ့ကြောင်းPDF(ကသာ)မှသတင်းထုတ်ပြန်ထားသည်။
“မိမိတို့အခြေချရာ ယာယီစခန်းအားထိုးစစ်ဆင်လာသော လူသတ်အကြမ်းဖက်စစ် ကောင်စီတပ်များဖြစ်သည့် အာလောဘန်ပြန်တပ်မ (၈၈)၊ ကသာတပ်ရင်း (၃၀၄) နှင့် (၃၀၉) တို့အား မြို့လှကျေးရွာအနီးတွင် ခုခံကာကွယ်နိုင်ခဲ့ကြောင်း”PDF(ကသာ)ကဆိုသည်။
ကသာမြို့နေရာအများအပြားတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲများ၊မိုင်းထောင်တိုက်ခိုက်ခြင်းများကြောင့် ယခုကဲ့သို့စစ်တပ်မှသေဆုံးသူများပြားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများတွင် PDFအဖွဲ့များနှင့်အတူKIA တပ်မဟာ (၈)၊ တပ်ရင်း (၅) ၏ ဦးဆောင်မှုဖြင့်ခုခံကာကွယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အကျအရှုံးများသည့်အတွက်စစ်တပ်မှ မိုးတားကြီးအုပ်စု၊ မိုးတားလေးအုပ်စု၊ အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်းရွာအနီးတဝိုက်တွင် တပ်များသည် ယင်းတို့၏အလောင်းများအား ကျင်းတူးမြုပ်နှံလျက်ရှိပြီး ဒဏ်ရာရနှင့် မသေမရှင်များကို ရေကြောင်းမှသယ်ယူလျက်ရှိကြောင်းသိရသည်။အဆိုပါသတင်းနှင့်ပတ်သက်ပြီးMPAအနေဖြင့်စစ်တပ်ဘက်သို့ ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရရှိခဲ့ပေ။
ယခုလတ်တလောတွင်ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိပြီးတိုက်ပွဲအများစုတွင် စစ်တပ်အနေဖြင့်လက်နက်ကြီးများလေကြောင်းတိုက်ကူများဖြင့်ပါပစ်ခတ်တိုက်ခိုက်သည်ကိုတွေ့ရသည်။
#KIA #PDF #စကစ #MPA #ကချင်