By MPA
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ယခင် NLD အစိုးရ ခန့်အပ်သည့် UEC ၏ မဲစာရင်းများ မှားယွင်းနေသည်ဟုဆိုကာ စစ်ကောင်စီက စစ်ဆေးခဲ့ပြီး အပြီးသတ်စစ်ဆေးချက်အရ မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် MRTV က ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ယခင် UEC အား ဖျက်သိမ်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ကြောင်း ကြေငြာခဲ့ကာ ဖေဖော်ဝါရီလအတွင်း စစ်တပ်၏ အသစ်ဖွဲ့စည်းခဲ့သည့် UEC က ဖေဖော်ဝါရီ ဒုတိယအပတ်မှ ဇူလိုင်လ ၇ ရက်နေ့အထိအပြီးသတ်စစ်ဆေးချက်အရ မဲမသမာမှု ၁၁ သန်းကျော်၊ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်း၏ ၂၉ .၅၄ ရာခိုင်နှုန်းခန့်အား NLD ပါတီက ရည်ရွယ်ချက်ရှိရှိ မဲမသမာမှု ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။
နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၂)ကြိမ်၊ (၃)ကြိမ် ပါဝင်ခြင်း၊ အသက် ၁၀၀ နှစ်နှင့် အထက်များ မဲစာရင်းတွင် ပါဝင်ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်သေးသူများ မဲစာရင်းတွင် ပါဝင်ခြင်း စသည့် မသင်္ကာစရာ ကိစ္စများကြောင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မဲမသာမာမှုမှာ ၁၁ သန်းကျော်ထိ တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ မီဒီယာတွင် ဖော်ပြသည်။
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲသည် COVID-19 ကာလအတွင်း ကျင်း ပပြုလုပ်ခဲ့ရ၍ ပါတီများ လွပ်လပ်စွာမဲဆွယ်စည်းရုံးခွင့်များနှင့် ပတ်သက်၍ ရွေးကာက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အာဏာရပါတီအကြား သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများ အနည်းငယ်ရှိခဲ့သည်မှလွဲ၍ လွပ်လပ်ပြီးတရားမျှတကြောင်း အရပ်ဘက်ရွေးကောက်ပွဲလေ့လာရေးစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၈ ရက် တစ်နိုင်ငံလုံးမဲပေးခဲ့သည့်နေ့တွင်လည်း မဲဆန္ဒရှင် ပြည်သူအများစုက COV ID-19 ရောဂါ အန္တရာယ်ကြားမှ ၄င်းတို့၏ သ ဘော ဆန္ဒအတိုင်း လွပ်လပ်စွာ မဲပေးဆန္ဒပြုခဲ့ ကြပြီး ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ လွတ်လပ်တရားမျှတစွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း ကမ္ဘာ့နိုင်ငံ အသီးသီးက သဘောထားထုတ်ပြန်ခဲ့ကြသည်။
မဲရုံစောင့် ဆရာ၊ ဆရာမများကို အတင်းအကျပ် ဖိအားပေးကာ မဲမသမာမှု ရှိနေကြောင်းသက်သေပြရန် စစ်ကောင်စီဘက်မှ ပြုလုပ်ခြင်းအား ကန့်ကွက်ကြောင်း ဆရာ၊ ဆရာမများ သမဂ္ဂမှ မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် မဲစာရင်းများမှားယွင်းနေပြီး တာဝန်ရှိသူများမှညှိနှိုင်း ဖြေရှင်းခြင်း မရှိသဖြင့် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်မကိုက်ညီဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်သည်ဟု ဆိုကာ ဖေဖော် ဝါရီ ၁ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေ ညာ၍ ၄င်းတို့မှ နိုင်ငံတော်အာဏာအား သိမ်းယူခဲ့သည်။