By MPA
စစ်ကောင်စီ၏ ယန္တရားများလည်ပတ်နိုင်ရန် ၄င်း တို့လက်အောက်ရှိ Non-CDM EPCဝန်ထမ်းများမှ လျှပ်စစ်မီတာခများကို ဖိအားပေးကောက်ခံနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၈ရက် ယနေ့တွင် ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့– BPDFက သတိပေးထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီမှ စစ်အသုံးစရိတ်အ ဖြစ်သုံးစွဲမည့် ပြည်သူ့အခွန်ဘဏ္ဍာများ ၄င်းတို့ထံစီးဆင်းမှုမရှိစေရေး ပြည်သူများမှ မီတာခများပေးဆောင်ခြင်းမပြုကြရန် အမျိုးသားညီ ညွတ်ရေးအစိုးရ-NUG တိုက်တွန်းထားပြီး ဖြစ်၍ ပြည်သူများအနေဖြင့် ပေးဆောင်ရန်မလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။
ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BPDF အနေဖြင့်ပဲခူးမြို့နယ်အတွင်း မီတာခများကို ဖိအားပေး ပေးဆောင်ခိုင်း၍ ပေးဆောင်ခြင်း မရှိသည့်နေ အိမ်များအား လျှပ်စစ်မီးဖြတ်တောက်နေသည့်လုပ်ရပ်များ ရပ်တန့်ရန်နှင့် ယင်းလုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်နှင့် ရုံးဌာနများအား ပစ်မှတ်ထားတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ဧပြီလနောက်ဆုံးပတ်မှ စတင်၍ မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီး၏ နေအိမ်များသို့ မီတာပေးဆောင်ကြရန် မီတာစာရွက်များဖြန့်ဝေ၍ ပေးဆောင်ခိုင်းသော်လည်း သွားရောက်ပေးဆောင်သူနည်းပါးကြောင်း သိရသည်။
Photo- CJ