• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
16 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

NCA (၈)နှစ်ပြည့် ကျင်းပရန် EAOs ငါးဖွဲ့နှင့် စစ်ကောင်စီ နေပြည်တော်တွင် ဆွေးနွေးမှုအပြီး ALPပါတီ နှစ်ဖွဲ့ကွဲ

MPA CJ012 by MPA CJ012
Sep 2, 2023
in သတင်း
0
0
NCA (၈)နှစ်ပြည့် ကျင်းပရန် EAOs ငါးဖွဲ့နှင့် စစ်ကောင်စီ နေပြည်တော်တွင် ဆွေးနွေးမှုအပြီး ALPပါတီ နှစ်ဖွဲ့ကွဲ

Photo – ALP Bureau (ပုံစာ - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ တပ်ဖွဲ့ဝင်များအား ၂၀၂၃ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်)

Share on FacebookShare on Twitter

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် အခမ်းအနားကျင်းပရန်အတွက် စစ်ကောင်စီနှင့် အပစ်အခက်ရပ်စဲထားသော လက်နက်ကိုင် ၅ဖွဲ့တို့မှ နေပြည်တော်တွင် ဩဂုတ် ၂၉ ရက်မှ ၃၁ ရက် အထိ ၃ရက်တာဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO/PNLA) စသည့် အဖွဲ့ ၅ဖွဲ့တို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးမှုအပြီးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေဖြင့် နှစ်ပါတီကွဲသွားကာ ALPမှ ခွဲထွက်သွားသော ဒေါ်စောမြရာဇာလင်းအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေမှုများသည် ALPနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း ဦးခိုင်ရဲခိုင်ဦးဆောင်သော ALPပါတီမှ ယမန်နေ့ (စက်တင်ဘာ ၁ရက်)တွင် ထုတ်ပြန်ကြေညာထားသည်။

“ကျတော်က ခွဲတာမဟုတ်ပါဘူး။ ဦးခိုင်ရဲခိုင်တို့ကသာ ခွဲထွက်သွားတာပါ။ ကျတော်တို့က NCAလမ်းကြောင်းပေါ်မှာဘဲ ရှိတယ်။ NCAစာချုပ်အတိုင်း ကျွန်တော်တို့ ရှိနေတယ်။ ကျွန်တော်တို့သွားတဲ့ လမ်းကြောင်းပေါ်ကနေ သူတို့ကသာ သွေဖီပြီး ခွဲထွက်သွားတာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလမ်းကြောင်းကိုပဲ ရွေးချယ်တယ်။ ငြိမ်းချမ်းစွာ တည်ဆောက်လို့ရမယ်လို့လည်း ယုံကြည်တယ်။ သူတို့ကတော့ ငြိမ်းချမ်းရေးရဲ့ အခြားတစ်ဖက်ကို ယုံကြည်တယ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှမှတ်ချက် မပေးချင်ပါဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာပဲဆိုတော့လေ။ ခွဲထွက်သွားတဲ့ ဦးခိုင်ရဲခိုင်ရဲ့ ALPအနေနဲ့ ULA/AAနဲ့ ပူးပေါင်း မပေါင်းဆိုတာကိုတော့ မှတ်ချက်မပေးချင်ပါဘူး”ဟု ALP ပါတီ၏ အတွင်းရေးမှူး ဗိုလ်မှူး ခိုင်သူရိန်မှ MPAသို့ ပြောသည်။

စစ်တပ်မှ NCA စာချုပ်အား ကိုယ်တိုင်ဖောက်ပျက်သည့်အတွက် NCA စာချုပ် ပျက်ပြယ်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သော KNU ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး ပြောဆိုထားခြင်းနှင့် ပတ်သက်၍ MPAမှ မေးမြန်းရာ KNU၏ တစ်ဦးတည်းအမြင်နှင့် ပြောကြားချက်သာဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းမှ ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်မတို့ ALPအနေနဲ့ကတော့ NCA ပျက်ပြယ်တယ်လို့ မခံယူသေးဘူး။ NCAရဲ့ အနှစ်သာရအတိုင်း ဆက်လျှောက်မယ်ဆိုတာကိုလည်း ပြောထားပြီးသားဖြစ်တယ်။ ဒီစာချုပ်ကို ပျက်ပြယ်တယ်လို့ ပြောတာဟာ လွှတ်တော်က အတည်ပြုလို့လား ဒါမှမဟုတ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက ပူးပေါင်းပြီး စာထုတ်တာလားဆိုတဲ့ အချက်လိုတယ်။ ဒါကိုလည်း ဘယ်သူမှ မလုပ်သေးဘူး။ အဲ့ဒီအတွက် ဒီစာချုပ်က ရှိနေတုန်းပဲ ဖြစ်တယ်။ ကျွန်မတို့လည်း PPSTရဲ့ အနှစ်သာရအတိုင်း ဆက်လျှောက်နေဆဲဖြစ်တယ်”ဟု ALPပါတီ ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းမှ ဆွေးနွေးမှုအပြီး MPA၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခြင်းအား ယခုကဲ့သို့ ပြန်လည်ဖြေကြား ထားခြင်းဖြစ်သည်။

ALP ပါတီသည် ယခု စက်တင်ဘာလအတွင်း ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALPပါတီနှင့် ဦးခိုင်ရဲခိုင်ဦးဆောင်သော ALPပါတီဟူ၍ ပါတီနှစ်ခုကွဲနေပြီး ယခုကဲ့သို့ ကွဲနေရခြင်းသည် မူရင်းပါတီဖြစ်သည့် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALPပါတီမှ ဦးခိုင်ရဲခိုင်ဦးဆောင်သော ALPပါတီသည် ခွဲထွက်သွားခြင်းသာဖြစ်ကြောင်း သိရသည်။

ခိုင်ရဲခိုင်ဦးဆောင်သော ALPပါတီသည် လက်ရှိ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးသော အဖွဲ့ဖြစ်သော်လည်း NCA၏ လုပ်ငန်းစဉ်များသည် မြန်မာစစ်တပ်အလိုကျ ရေးဆွဲထားသဖြင့် တိုင်းရင်းသားများလိုလားသော ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေး ရရန် မဖြစ်နိုင်ကြောင်း ဆိုထားသည်။

ယင်းအပြင် ၂၀၂၁ခုနှစ် နောက်ပိုင်းတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် NCA၏ အနှစ်သာရနှင့် လုပ်ငန်းစဉ်များ အားလုံးနီးပါးရပ်ဆိုင်းသွားခဲ့ကာ မြန်မာပြည်၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်များ ပျောက်ကွယ်သွားခဲ့ရကြောင်းလည်း ဦးခိုင်ရဲခိုင်ဦးဆောင်သော ALPပါတီမှ ယန်မနေ့ စက်တင်ဘာ ၁ရက် က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဦးခိုင်ရဲခိုင်ဦးဆောင်သော ALP မှာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များ၊ KNU ၊ CNF ၊ NUG ၊ KIO ၊ KNPP နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ဖြင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးကို အတူတိုက်ပွဲဝင်နေကြောင်းလည်း သိရသည်။

“အခုလို ကွဲထွက်တာမျိုးတွေ ဖြစ်လာရတာဟာ တော်လှန်ရေးပါတီတစ်ရပ်ဟာ တော်လှန်ရေးဆန်ဆန်မသွားဘဲ စစ်ကောင်စီနဲ့ မရှင်းမလင်း သွားနေတာ၊ ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ သွားနေတာ အဲ့ဒီအကျိုးဆက်တွေကြောင့် ကိုယ့်ထဲမှာ ညီညွတ်မှုတွေအားနည်းလာတယ်။ ပြည်သူ့ထောက်ခံမှုတွေ ကျဆင်းလာတယ်။ စစ်ကောင်စီနဲ့ နေရာရဖို့အတွက် ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲတာတွေ ဖြစ်လာတယ်။ ULA/AAလို တော်လှန်ရေးဆန်ဆန်မသွားဘူး။ ကိုယ့်လက်နက်ကိုင်အင်အားနဲ့ ကိုယ်ရပ်တည်ဖို့ ကိုယ်လိုချင်တဲ့အခွင့်အရေးကို စစ်ရေးနည်းနဲ့ အဓိကသွားဖို့လိုတယ်။ သူတို့က နိုင်ငံရေးနဲ့ သွားတယ်။ စစ်ကောင်စီက ခွင့်ပြုထားတဲ့ နိုင်ငံရေးဆိုတာကလည်း ပေးမှကမ်းမှ ရမယ့် နိုင်ငံရေးကို ရွေးသွားတာပေါ့။ ပါတီနိုင်ငံရေးဆန်သွားတဲ့အခါမှ အဲ့ဒီအင်အားစုတွေကတော့ ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်တက်ပါတယ်။ လက်နက်ကိုင်အင်အားမရှိတဲ့ အဖွဲ့အစည်းတွေကိုကျတော့ စစ်ကောင်စီက အသုံးချဖို့အတွက်သာ ဖြစ်သွားတာပေါ့”ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းမှ MPAသို့ ပြောသည်။

ALPပါတီအနေဖြင့် ယခင်က ရက္ခိုင့်တပ်တော် ULA/AAနှင့် ပူးပေါင်းရန် ဆွေးနွေးမှုရှိခဲ့သော်လည်း ပူးပေါင်းရေးအဆင့်ထိ မရောက်ခဲ့ကြောင်း သိရသည်။

ALPပါတီ မှ ခွဲထွက်သွားသော ဦးခိုင်ရဲခိုင်ဦးဆောင်သည့် ALPပါတီနှင့် ရက္ခိုင့်တပ်တော် ULA/AAတို့ ပူးပေါင်းနိုင်မှုသည် ဦးခိုင်ရဲခိုင်ဦးဆောင်သည့် ALPပါတီအနေဖြင့် အပြုသဘောဆောင်ကာ ကမ်းလှမ်းပါက ULA/AAအနေဖြင့် လက်ခံနိုင်ကြောင်း သို့တည်းမဟုတ်ပါက ပူးပေါင်းမှုသည် ဖြစ်မလာနိုင်ကြောင်း ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းမှ MPAသို့ ဆက်လက်ပြောသည်။

ALPပါတီအနေဖြင့် နှစ်ဖွဲ့ကွဲနေခြင်းနှင့် ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်းထံ MPAမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း သူမအနေဖြင့် ပြန်လည်ဖြေကြားခြင်းမရှိဘဲ EAOs ငါးဖွဲ့နှင့် စစ်ကောင်စီဆွေးနွေးခဲ့မှုကိုသာ ပြန်လည်ဖြေကြားခဲ့သည်။

“ဆွေးနွေးခဲ့တဲ့ အချက်အလတ်တွေတော့ အသေးစိတ်ပြောပြဖို့ ခက်ပါတယ်။ ဩဂုတ်လ ၂၉ရက်ကနေ ၃၁ရက်နေ့ထိ ၃ရက်တာ ဆွေးနွေးခဲ့တယ်။ ပြီးတော့ လာမယ့်အောက်တိုဘာလထဲ NCA ၈နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပဖို့ ကော်မတီတစ်ရပ်လည်း ဖွဲ့စည်းသွားဖို့ကို ဆွေးခဲ့ဖြစ်ခဲ့ပါတယ်။ ၃ရက်တာ ဆွေးနွေးပွဲအပြီးမှာတော့ ကျွန်မတို့ အခြေခံသဘောတူညီချက် ၄ချက်နဲ့ ဘုံသဘောတူညီချက်မှတ်တမ်း ၅ချက်တို့ကို အတည်ပြုပြီး လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်”ဟု ဆွေးနွေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းမှ MPAသို့ ပြောသည်။

ယင်းအပြင် အပစ်အခက်ရပ်စဲထားသော PPSTအဖွဲ့ဝင် EAO ၅ဖွဲ့နှင့် စစ်ကောင်စီတို့၏ တွေ့ဆုံဆွေးနွေးပွဲ၌ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်လိုသည့် အချက်များ၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် EAOကိုယ်စားလှယ်များပါဝင်ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAOများ လက်တွေ့ကျကျပါဝင်နိုင်ရေး၊ EAOများ၏ အခန်းကဏ္ဍအား မြင့်တင်နိုင်ရေးနှင့် EAOများ အချင်းချင်းတွေ့ဆုံနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

NCA အပစ်ရပ် သဘောတူစာချုပ်အား သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် စတင်ချုပ်ဆိုခဲ့ကာ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ရှိသော်လည်း စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ၇ဖွဲ့သာ ရှိတော့ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မှုများအား ဆိုင်းငံ့ခံထားရသည်။

Tags: ALPEAOsKNPPmilitaryMPAMyanmarNCANewsNMSPPCPDFPNLAPNLORCSS/SSASACULA/AA
Advertisement Advertisement Advertisement
ADVERTISEMENT
MPA CJ012

MPA CJ012

ဆက်စပ် သတင်းများ

စီးပွားရေး

ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

May 15, 2025
ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

By Nway / MPA ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဝက်ထီးကန်တိုက်နယ်၊ ပျဥ်းမအိုင်ရွာ နေ အသက် ၃၀...

Read more
by MPA
0 Comments
သတင်း

ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

May 15, 2025
ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

By Hlaing / MPA ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သုံးရက်ဆက်တိုက် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၀ကျော်ထိရှိလာကြောင်း သိရသည်။ ယနေ့(မေ ၁၅ရက်)၊ မွန်းလွဲ နှစ်နာရီခန့်က စစ်ကောင်စီသည်...

Read more
by MPA
0 Comments
နိုင်ငံရေး

စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

May 15, 2025
စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

By Mg Dagon / MPA တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးပေါ် မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေခြင်းနှင့် စစ်ကောင်စီအပေါ် စစ်ရေးအထောက်အပံ့ပေးနေခြင်းတို့သည် လွဲမှားသည့်လောင်းကြေးထပ်မှုတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြောဆိုလိုက်သည်။ လက်ရှိတရုတ်၏ လုပ်ရပ်များသည် စစ်ကောင်စီကို မကယ်နိုင်သည့်အပြင်...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

May 15, 2025
ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

By Bala / MPA ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ၁၄ရက်)၊ ည ရှစ်နာရီ...

Read more
by MPA
0 Comments
ပညာရေး

ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

May 15, 2025
ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

By Hsu Yee/MPA မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တွင် ညအချိန်၌ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။ မေလ ၁၄ ရက်၊ည ၁၁ နာရီကျော်တွင်ဂန့်ဂေါမြို့အနီးရှိ လာပို့ရွာ ‌စာသင်ကျောင်းကို လေကြောင်း...

Read more
by MPA
0 Comments
စစ်ရေး

ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

May 15, 2025
ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

By Nway / MPA စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသားတစ်ယောက်ကို ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်ကာ လူငယ်၂၀ အား ဖမ်းဆီးသွားကြောင်း သိရသည်။ မေလ ၁၃ရက်၊ ည ၈နာရီ...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

May 7, 2025
ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဗုံးခိုကျင်းမတူးသည့်နေအိမ်များကို ဒဏ်ကြေးအဖြစ် ကျပ်ငါးသိန်းကောက်ခံမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ဒုတိယအပတ်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူများအား သက်ဆိုင်ရာ ရွာအလိုက် လူထုတွေ့ဆုံပညာပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် မတ်လ...

Read more
by MPA
0 Comments
နိုင်ငံရေး

ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

May 7, 2025
ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

By Mg Dagon / MPA ရုရှားနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် Iskander Azizov က ပြောကြားလိုက်သည်။...

Read more
by MPA
0 Comments
စစ်ရေး

ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

May 7, 2025
ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

By Bala / MPA ကရင်နီပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ခြောက်ရက်) ၊ ည ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီက...

Read more
by MPA
0 Comments
စစ်ရေး

ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

May 7, 2025
ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

By Ra Wai / MPA တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်တွင် ဆိုင်ထိုင် အရက်သောက်နေသော ပျူစောထီးသုံးဦးကို PDF တို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။ ‌မေလ ခြောက်ရက်၊ ညနေ ငါးနာရီခွဲခန့်တွင် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်ရှိ...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In