By MPA
ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်တောင်ပိုင်း ၅၇ရပ်ကွက် NLDရပ်ကျေးအလုပ်အမှုဆောင်ဦးခင်ကျော် ဇူလိုင်၅ရက်ညဦးပိုင်းတွင် နေအိမ်တွင်သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
“မနေ့ကည၇နာရီကျော်ကျော်လောက်မှာ ဦးခင်ကျော်ရဲ့နေအိမ်ကို လာပြီးပစ်ခတ်မှုဖြစ်တယ်ပြောတယ်။မနက်ကျမှသေချာသိရတာ။ဦးခင်ကျော်ကနေရာမှာပဲဆုံးသွားတယ်။သူ့မိန်းမကတော့ပေါင်ထိသွားတယ်ကြားတယ်။စစ်တပ်က Dead bodyရယ် သူ့မိန်းမရယ်ကိုခေါ်သွားတယ်လို့သိရတယ်”ဟုတောင်ဒဂုံ၅၇ရပ်ကွက်ဒေသခံကပြောသည်။

ဦးခင်ကျော်အသတ်ခံရခြင်းမှာအခုတလောတွင်နာမညိကြီးနေသည့် ပျူစောထီးလက်ချက်ဖြစ်နိုင်ကြောင်းသုံးသပ်ပြောဆိုများရှိသည်။
“ကျနော်တို့သိသလောက်ဆိုရင် ကျနော်တို့တောင်ဒဂုံမှာ ကြံ့ခိုင်ရေးအမာခံနဲ့အမျိုးသမားရေးသမားတွေအရမ်းများတယ်။တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆိုရင် ပျူစောထီးခေါင်းဆောင်ဖြစ်နေတယ် နာမည်တော့ထုတ်မပြောလိုဘူး။သူတို့စာရင်းတွေကောက်နေတယ်လို့ကြားနေတာရှိတယ်။အဲ့လိုကြားပြီးမကြာခင်မှာဒီလိုဖြစ်တာ”ဟုအမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးကဆိုသည်။
ဦးခင်ကျော်အသတ်ခံရခြင်းနှင့်ပတ်သက်ပြီးပျူစောထီးအဖွဲ့အနေဖြင့်တစ်စုံတရာ တုံ့ပြန်ထားခြင်းမရှိသေးချေ။ဦးခင်ကျော်သည် ယခုလတ်တလောတွင်ဒုတိယအကြိမ်မြောက်နေအိမ်တွင်အသတ်ခံခဲ့ရသူတစ်ဦးဖြစ်သည်။ပြီးခဲ့သည့်ဇူလိုင်လ၂ရက်နေ့ညပိုင်းတွင်လည်းမြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက် (ချောင်းဒေါင်း)တွင်နေထိုင်သည့် ပုဂ္ဂလိကကျောင်းအထက်တန်းပြဆရာ၅၅ နှစ်အရွယ်ဦးမိုးဟိန်းနှင့် ဇနီးသည်ဒေါ်စုစုလှိုင်တို့နေအိမ်တွင်သေနတ်ဖြင့်လုပ်ကြံခဲ့ရသည်။
ပျုစောထီးအဖွဲ့သည် စစ်တပ်ဒလန်များ ကြံ့ခိုင်ရေးအဖွဲ့ဝင်များပစ်သတ်ခံပြီးနောက်ပိုင်းတွင် ဖွဲ့စည်းထားသည့်စစ်တပ်နောက်ခံအဖွဲ့စည်းတစ်ခုဖြစ်ပြီးစစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့နှင့်ဆက်စပ်နေသူများပါဝင်သည်။