By MPA
စစ်တပ်အာဏာသိမ်းမှုဖြစ်စဥ်အတွင်း စစ်အာဏာရှင်ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံရသူများထပ်မံလွတ်မြောက်လာနိုင်ချေရှိနေကြောင်းသိရသည်။
“ထပ်လွတ်လာမယ့်အခြေအနေတွေရှိတယ်။မတ်လကနေစပြီး လက်နက်မပါပဲဖမ်းမိတဲ့သူတွေလွှတ်မယ်လည်းကြားရပါတယ်။အကြမ်းဖျဥ်းကြားတာတော့ဒီလ၅ရက်နေ့ပေါ့။အတည်တော့ပြုလို့မရသေးပါဘူး”အကျဥ်းဦးစီးဌာနမှ အရာရှိတစ်ဦးကဆိုသည်။
ပြီးခဲ့သည့်ဇွန်လ၃၀ရက်နေ့က လွှတ်ပေးသည့်ထဲတွင်ပါဝင်သည့် လွတ်မြောက်သူများနှင့်အမှုတွဲတူသူများသည်ထောင်ထဲတွင်ကျန်ရှိနေဆဲဖြစ်ကြောင်းသိ၇သည်။
“ကျမတို့မောင်လေးပါသွားတာ ။သူ့နဲ့အမှုတူတဲ့သူတွေတရက်တည်းအဖမ်းခံရတာတွေလွတ်လာတာမျိုးရှိတယ် ။စခန်းမှာစုံစမ်းကြည့်တော့ထပ်လွှတ်ဖို့ရှိတယ်ပြောတယ်။”ဟု လွတ်မြောက်သူထဲတွင်မပါဝင်သူတစ်ဦး၏အစ်မဖြစ်သူက MPAသို့ပြောသည်။
MPAအနေဖြင့် သက်ဆိုင်ရာရဲစခန်းများသို့စုံစမ်းကြည့်ခဲ့ရာ ၎င်းတို့အနေဖြင့်ပုံမှန်လုပ်ငန်းစဥ်များသာလုပ်ဆောင်နေပြီး အဆိုပါကိစ္စနှင့်ပက်သက်ပြီးသေချာမသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဇွန်လ၃၀ရက်နေ့တွင်တနိုင်ငံလုံးအနေဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့်ဆန္ဒပြသူများထဲမှ ဖမ်းဆီးတရားစွဲခံထားရသူ ၂၂၀၀ကျော် ကိုလွှတ်ပေးခဲ့ပြီးအကျဥ်းသား၃၀၀၀ကျော်ကျန်ရှိနေခြင်းဖြစ်သည်။