Myanmar Defense Force ၏ ဗဟိုဘဏ္ဍာရေးအဖွဲ့မှ ပြုလုပ်သော “ လင်းယုန်တို့ရဲ့ မြို့အဝင်ည” ၏ တလတာ ကမ်ပိန်းတွင် ၉ ရက်အတွင်း တားဂတ် ၁၅% သာ ရရှိသေးကြောင်း သိရသည်။
ကမ်ပိန်းကာလကို သြဂုတ်လ ၁ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ထိ ၁ လ သတ်မှတ်ထားပြီး တားဂတ် သိန်းတစ်ထောင် သတ်မှတ်ထားကြောင်း သိရသည်။
MDFတပ်ရင်းသည် စစ်ကိုင်းတိုင်းတွင်အခြေစိုက်ကာ တိုက်ပွဲများစွာကိုလည်း ဖော်ဆောင်နိုင်ခဲ့သော တပ်ရင်း တစ်ခုဖြစ်ပြီး ယခုအချိန်တွင် မြို့ပြ Mission များအတွက် လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် ကမ်ပိန်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျတော်တို့ တပ်ရင်းတွေက ခုကမြို့တွေကို မဝိုင်းနိုင်သေး။ မစီးနိုင်မအုပ်စိုးနိုင်သေးဘူးလေ။ အဲဒါကြောင့် မြို့တွေမှာ ဝင်ရောက်ထိုးဖောက်ဖို့ပါ။ လင်းယုန်တွေက တစ်ဆင့်တက်ပြီး မြို့ပေါ်တွေမှာ စစ်ဆင်ရေး လုပ်ဆောင်ဖို့လဲ ဟုတ်သလို မြို့တွေ ဝင်ရောက်နိုင်ဖို့ပါ” ဟု Myanmar Defense Force ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Myanmar Defense Force မှ မိဘပြည်သူများအနေဖြင့် ယခုကမ်ပိန်းတွင် ပါဝင်ကူညီအားဖြည့် ဝိုင်းတွန်းပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။