By MPA
ဂျပန်နိုင်ငံတွင် မြန်မာ့နွေဦးတော်လှန်ရေးကို ဂုဏ်ပြုသောအားဖြင့် Craft ဘီယာ မှ လက်သုံးချောင်းထောင်ထားသည့် logoတံဆိပ်ပါSupport Myanmar Beerထုတ်ဝေခဲ့ ကြောင်း သိရသည်။
၄င်း ဘီယာအား ဂျပန် Craft Master တစ်ဦးမှ ထုတ်လုပ်ခဲ့ပြီး စီးပွားဖြစ်ရောင်းချရန်မဟုတ် ဘဲ အထိမ်းအမှတ်တစ်ခုအနေဖြင့် စိတ်ကြိုက် ဖန်တီး ထုတ်လုပ်ခဲ့ ခြင်း ဖြစ်သည်။
Craft ဘီယာဆိုသည်မှာ ဘီယာအနုပညာတစ်မျိုးဖြစ်ပြီး ဘီယာချက်သူ၏ စိတ်ခံစားချက်ပေါ်မူတည် ၍ အရသာကွာခြားပြီး ရာသီပေါ်သီးနှံများနှင့် ရော စပ်ဖောက်လုပ်ထားခြင်းမျိုးဖြစ်သည်။
ဂျပန်နိုင်ငံပြည်သူများသည် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းအား ဆန့်ကျင်ရှုတ်ချကြောင်းနှင့် ဒီမိုကရေစီစနစ်ပြန်လည်ဖော်ဆောင်ရန် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့်ပူးပေါင်း ဆန္ဒပြ လှုပ်ရှားခဲ့မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
#Japan #SupportMyanmarBeer #MPA