By MPA
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းအနီးရှိ သီလဝါ အထူးစီးပွားရေးဇုန် အတွင်းက ဂျပန်ကုမ္ပဏီနှင့်စက်ရုံ တချို့ရှိ အလုပ်သမား ၃၀ ရာခိုင် နှုန်းခန့် လျှော့ချနေကြောင်း သတင်းရရှိသည်။

ထိုသို့ လျှော့ချရာတွင် ပြဌာန်းထားသည့် အလုပ် သမား ဥပဒေနှင့်အညီ လျှော့ချမည့် အလုပ် သမားများ၏ လုပ်သက်အလိုက် ခံစားခွင့်များ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ကုမ္ပဏီ တော်တော် များများ အလုပ်သမားတွေ လျှော့တယ်။ စက်ရုံ တစ်ရုံမှာ အလုပ်သမားက ထောင်ချီရှိတာ ဆိုတော့ လျှော့တဲ့အရေအတွက် ကတော့ မနည်းဘူး။ ဒီ အလုပ်သမားတွေကို အလုပ်သမား ဥပဒေအ တိုင်းပေါ့။ လုပ်သက်အလိုက် နစ်နာကြေး ပေးမယ်လို့ သိရတယ်” ဟု သီလဝါ ဂျပန်ကုမ္ပဏီတစ်ခု၏ အလုပ် သမားတစ်ဦးက MPA သို့ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ၏ အဓိကျသည့် စက်မှုဇုန်ကြီးတစ်ခုဖြစ်ပြီး ယခင် NLD အစိုးရ လက်ထက်တွင် စတင်၍ စက်ရုံ၊ အ လုပ်ရုံများ လည်ပတ်ခဲ့ရာ ထုတ်လုပ်မှုလုပ်ငန်း ကြောင့် ဒေသအတွင်း သိန်းနှင့်ချီသည့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိခဲ့သည်။
ဂျပန်နိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းခဲ့သည့် စစ်ကောင်စီအား စီးပွားရေးနှင့် လူ မှုရေး အကူညီများ ပြန်လည်ပိတ်ဆို့ခဲ့ပြီး ဖမ်း ဆီးထားသောခေါင်းဆောင်များ ပြန်လည်လွှတ် ပေးရန်နှင့် ဒီမိုကရေစီ ပြန်လည်ဖော် ဆောင်ရန် တောင်းဆိုထားကြောင်း သိရသည်။
လက်တလော ရရှိသည့် အချက်အလက်များအရ စက်ရုံ လုံးဝပိတ်သိမ်းသည့် စာရင်းများ မရရှိသေးပေ။ သို့ရာတွင် မြန်မာနိုင်ငံ၌ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ၎င်းတို့ နိုင်ငံသားများ ပြန်လာကြရန် အသိပေးထားသည်။