By MPA
ကယား(ကရင်နီ)ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့စည်းတချို့ဇွန်လ၁၅ရက်မှစတင်ပြီးအပစ်ရပ်ကြောင်းကြေညာပြီးဖြစ်သော်လည်း စစ်ရှောင်နေရသူအများစုမှာ နေရပ်မပြန်နိုင်ခြင်းမရှိဘဲ စစ်ရှောင်စခန်းများတွင်ဆက်လက် နေထိုင်လျက်ရှိနေကြောင်းသိရသည်။
“နေရပ်အကုန်မပြန်နိုင်သေးဘူး။တောင်ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေနေကြသေးတယ်။တချို့က ပြန်စရာအိမ်မရှိတော့တာ။တချို့ကပြန်ချင်တယ် ။ထိတ်လန့်စရာတွေခုထိရှိနေတုန်းပဲဆိုတော့တချို့က မပြန်ချင်ကြသေးဘူး။။စစ်တပ်တွေရှိနေတုန်းပဲဆိုတော့လေ။အိမ်ပြန်သွားပြီးမှ ပြန်လာနေကြတာရှိတယ်”ဟုစစ်ရှောင်စခန်းရောက်ရှိနေသူ ဆရာမတစ်ဦးက MPAသို့ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုချက်များကြောင့်ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများကို ယာယီရပ်ဆိုင်းကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (Karenni Nationalities Defense Force KNDF) ကဇွန် ၁၅တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မေ ၂၁ မှ စတင်ကာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်းရှိ မာနာပလော့ရပ်ကွက်နှင့် ဒေါငံခါးလမ်းဆုံ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်.ထို့နောက် ဒီးမော့ဆို၊ လွိုင်ကော်တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့ပြင် ကယားပြည်နယ်နှင့် နယ်မြေထိစပ်နေသော ရှမ်းပြည်နယ် မိုးဗြဲနှင့် ဖယ်ခုံတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။ကယားပြည်နယ်တိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနှင့် ဖယ်ခုံမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်ဟုသိရသည်။
စစ်အပြင်းအထန်ဖြစ်ပွားခဲ့သည့်အတွက် ပြည်သူအများစုမှာ အိုးအိမ်စွန့်ခွါပြီး ဘေးအန္တရာယ်ကင်းလွတ်ရာများတွင် စစ်ရှောင်စခန်းများ တည်ဆောက်နေထိုင်ခဲ့ရသည်။ယခင်ကစစ်ရှောင် ၁သိန်းကျော်ရှိသော်လည်း လက်ရှိတွင်မူ နည်းငယ်သာလျော့နည်းမှုရှိသည်။
အပစ်ရပ်ပြီးချိန်မှစ၍ ဒီကနေ့ အထိ ပစ်ခတ်မှုများမရှိသော်လည်း အလုံးစုံစိတ်ချမှုရှိနေခြင်းမရှိကြောင်း သိရသည်။”ပစ်ခတ်တာတော့မကြားရတော့ဘူးစစ်တော့ပြင်နေတာမျိုးရှိတယ်။ညီမတို့စစ်ရှောင် စခန်းတွေဆိုရင် ဒုက္ခပေးတာမရှိပေမယ့် လာစုံစမ်းတာမျိုးတွေတော့ရှိတယ်။ဘယ်တော့ဘာဖြစ်မယ်ဆိုတာမသိနိုင်ဘူးလေ။” ဟုဆရာမကဆိုသည်။
လက်ရှိအချိန်တွင် ကယားပြည်နယ်တွင် စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်များဆက်လက်ရှိနေဆဲဖြစ်ပြီး အစားအသောက်ရိက္ခာ ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိနေဆဲပင်ဖြစ်သည်။
#MPA #Karean #Myanmar