By MPA
ဧရာဝတီတိုင်း ကျိုက်လတ်မြို့က အထက်တန်းကျောင်းနဲ့ မြို့နယ်ပညာရေးမှူးရုံးအနီးမှာ ဇွန်လ ၂၉ ရက်နေ့ မနက် ၁၀နာရီ မိနစ် ၄၀လောက်မှာ ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
အထက်တန်းကျောင်းဝန်းအနီး ဗုံးနှစ်လုံးစတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး မြို့နယ်ပညာရေးမှူးရုံးအနီး မှာနောက်တစ်လုံးထပ်ပေါက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“ ဗုံးက ကျောင်းနားမှာ နှစ်လုံးအရင်ပေါက်တာ၊ပြီးမှ ပညာရေးမှူးရုံးနားမှာ ထပ်ပေါက်တာ ဒဏ်ရာရတဲ့သူ ရှိလား၊မရှိလားတော့မသိရသေးဘူး၊ကျောင်းဝန်းထဲက ကလေးတွေကိုလည်း အိမ်ပြန်မလွှတ်သေးဘူး” လို့ဒေသခံကဆက်လက်ပြောပါတယ်။
ဗုံးပေါက်ပြီး မိနစ်ပိုင်းအကြာမှာ ကျောင်းသာမိဘတွေ ကျောင်းနားစောင့်ပြီး ကျောင်းသာတွေကိုလာခေါ်တဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
လက်ရှိအချ်န်မှာတော့ စစ်အုပ်စုနဲ့ရဲတွေက ဗုံးပေါက်ကွဲခဲ့တဲ့နေရာတွေကို ပိတ်ဆို့စစ်ဆေးနေကြတယ်လို့သိရပြီး ကျောင်းသားမိဘတွေကတော့၊ကလေးတွေကို အိမ်ပြန်မလွှတ်သေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။