By MPA
အကြမ်းဖက် စစ်ကောင်စီ က ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး ဖမ်းမိခြင်းမရှိသေးသည့် အနုပညာရှင် ၂၄ ဦးကိုအမှုမှ ပြန်လည်ရုပ်သိမ်းပေးကြောင်း အကြမ်းဖက် စစ်ကောင်စီ ဝါဒဖြန်မီဒီယာ MRTV မှ ဇွန်လ ၂၉ရက် ည ၈ နာရီတွင်ကြေညာခဲ့သည်။

ဝါဆိုမိုးဦး၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ၊ သက်မွန်မြင့်၊ G fatt၊ Kelven Kate၊ Mary၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ ချစ်သုဝေ၊ J Fire၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မိတ်ကပ်မထက်၊ မိတ်ကပ်မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်၊ သဇင်နွယ်ဝင်းတို့ကို ၅၀၅(က)ဖြင့်တရားစွဲဆိုခြင်းမှအမှုရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။
အမှုရုပ်သိမ်းခံရသည့် အနုပညာရှင်များအနေဖြင့်စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားမှုများပြန်လည် လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဟုယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် ယခုရုပ်သိမ်းပေးခြင်းမှာ ဧပြီ၂ရက်နေ့မှ မေ၁ရက်နေ့အတွင်း ၅၀၅(က) ထုတ်ပြန်ထားသော သူများထဲမှ အချို့ကိုသာ ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ ၅၀၅ (က)ရုပ်သိမ်းမှုတွင် လက်ရှိ ဖမ်းဆီးခံအနုပညာရှင်များပါဝင်သည်ကိုမတွေ့ရသေးကြောင်းသိရသည်။
အနုပညာရှင်များအပါအဝင် အခြားလူပုဂ္ဂိုလ် အများစုသည် ၅၀၅(က)ဖြင့်အမှုဖွင့်ခံထားရဆဲဖြစ်ပြီး ဖမ်းဆီးခံထားရသူများလည်းရှိနေသေးသည်။
အကြမ်းဖက် စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန်လ ၂၀ ရက်အထိ စစ်ဆေးဆဲ တရားခံများအနက် ပြန်လည်စေလွှတ်ပေးသင့်သူတွေကို အမှုမှ ရုပ်သိမ်းပေးနိုင်ရေး စိစစ်ဆောင်ရွက်နေကြောင်းကြေညာထားသည်ကိုတွေ့ရသည်။