By MPA
ကေအဲန်ယူ- ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) ဆော ထိမြို့နယ်၊ ဘလောခိုကျေးရွာ အုပ်စု သက်ခေါထာကျေးရွာတွင် နေထိုင်သည့် ရွာသား (၁၃)ဦးကိုဇွန်လ ၂၃ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှပေါ်တာဆွဲခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
“ တပ်မ (၄၄) လက်အောက်ခံ ခမရ (၅၄၉)မှဦးဆောင်သူ ဒုဗိုလ်မူးကြီး သောင်းစိုး နှင့် ခမရ (၄၀၂) အမည်မသိ ဦးဆောင်သူ တို့က တပ်သားအင်အား (၇၀)ကျော်ဖြင့် လာရောက်ဖမ်းဆီး ပေါ်တာဆွဲခဲ့သည်”ဟု သူးလေသတင်းစဥ်ကဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသား (၁၃)ဦးတွင် စောစိုးအောင်၊ မောင်ခင်စိုး ၊ မြင့်ဝင်း အမည်ရှိသူ ရွာသား (၃)ဦးတို့က ထွက်ပြေးလွတ်မြောက်ကာ ကျန်ရှိသောရွာသား (၁၀)ဦး ကို ကေအဲန်ယူ- ဖာပွန်ခရိုင်၊ တပ်မဟာ (၅)သို့ ဖမ်းဆီးသွားခဲ့သည်။
ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရသော သူများကို ဇွန်လ (၂၇)ရက်နေ့တွင် ကေအဲန်ယူ သထုံခရိုင် တပ်မဟာ (၁)နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ကြား နယ်စပ်ရှိ ဘောပေါ်ထာကျေးရွာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။
ယခုလို အဏာသိမ်းအကြမ်းဖက်စစ်တပ်မှ မှ ရွာသားများအား ဖမ်းဆီးခေါ်ဆောင် ပေါ်တာဆွဲခြင်းများပြုလုပ်နေသောကြောင့် ညောင်လေးပင်ခရိုင် စောထိမြို့နယ် ဘလောခိုကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၁)ရွာ၊ အိမ်ခြေ (၂၇၅)လုံး ရှိ လူဦးရေ (၁၆၉၁)ဦး တို့သည် ကျေးရွာများကို စွန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
Photo _ CJ(ယခင်ကပုံအဟောင်းဖြစ်ပါသည်)