By MPA
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဒလန် ၇ ဦးကို ယင်းခရိုင်ဒလန်ရှင်းလင်းရေးအဖွဲ့မှ ကျည်ဆံတစ်တောင့် စာတစ်စောင်စီဖြင့်သတိ ပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဒလန်များအနေဖြင့် ဥပဒေမဲ့ကျူးလွန်သည့် လုပ်ရပ်များမပြုလုပ်ရန်၊ မည်သည့်အဖွဲ့အစည်း ကိုမှ အားကိုးအားထားပြု၍ တိုင်ကြားခြင်းမပြုရန်နှင့် မိသားစုကိုခေါ်ဆောင်၍ ပူတာအိုမြို့နယ် အတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် သတိပေး စာတွင်ရေးသားထားသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် CDMလှုပ်ရှားမှု များတွင်ပါဝင်နေသည့် ပြည်သူများအား ဖိအားပေးနေသောသစ္စာဖောက်လောက်ကောင်(ဒလန် ) များအနေဖြင့် ၄င်းတို့၏လုပ်ရပ်များအား ရပ်တန့်ရန်နှင့် ဆက်လက်လုပ်ဆောင်နေပါက ၄င်းတို့နှင့် မိသားစုဝင်များ၏ အသက်အန္တရာယ်အတွက် ညှာတာမည်မဟုတ်ကြောင်းနှင့် နောက်ဆုံးအ ကြိမ်သတိပေးခြင်းဖြစ်ကြောင်း ရေးသားဖော်ပြ ထားသည်။
စစ်အာဏာရှင်လက်ဝေခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒလန်များအား ယင်းကဲ့သို့ ကျည်ဆံ ဖြင့်သတိပေးမှုများ ပြုလုပ်ပြီး မကြာမီ အမည်မသိအဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်ခတ်ခံရမှုများ ဖြစ် ပေါ်လျက်ရှိသည်။
#ပူတာအို #ဒလန်ရှင်းလင်းရေး #သတိပေး #MPA