By MPA
ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသော ခန့်မှန်းခြေ အကြမ်းတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်ပါဝင်သောစစ်ကား ၃ စီးကို ကလေးPDF ကမိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်မှအနည်းဆုံး ၉ ဦးသေဆုံးကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။
“ဇွန်လ ၂၇ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့မောင်းနှင်လာသော ကားအစီးရေ ၃ စီးပါသော ခန့်မှန်းအင်အား ၅၀ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းကို ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အဖွဲ့ဝင် အနည်းဆုံး ကိုးဦး သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိ ဆုတ်ခွာနိင်ခဲ့သည်”ဟု ကလေး PDF က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်ဇွန်လ ၂၆ ရက် နေ့လယ်၁ နာရီဝန်းကျင်အချိန်ခန့်ကလည်း ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ကားအစီးရေ ၂၀ကျော် ပါ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို PDF (Kalay) တပ်ဖွဲ့ဝင်များက နတ်ချောင်း – ချောင်းခွ အကျော် ပန်းမွန်ချောင်းတံတား၏ တောင်ဘက်အနီးဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်သော်လည်း အတိအကျမသိရကြောင်းသတင်းထုတ်ပြန်ထားသည်။
မြန်မာပြည်သူများအနေဖြင့် လက်နက်အင်အားကိုးဖြင့်ပြည်သူလူထုအပေါ်ဖိနှိပ်လျက်ရှိသော မင်းအောင်လှိုင်ဦးဆောင်သည့် တပ်မတော် ကို ရရာလက်နက်ဆွဲကိူင်ပြီးတော်လှန်လျက်ရှိနေပြီး နိုင်ငံနှင့်အဝှမ်း တိုက်ခိုက်မှုများဖြစ်ပွားနေခြင်းဖြစ်သည်။