By MPA
ကယား (ကရင်နီ)ပြည်နယ်တွင် မေလကဖြစ်ပွားခဲ့သောစစ်ပွဲများကြောင့် နေရပ်စွန့်ခွာသူဦးရေ ၁ သိန်းကျော်ရှိပြီး ၎င်းတို့အတွက် အစားအသောက်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
“ အဓိက မိုးတွင်းကာလဆိုတော့ ဆေးဝါးတွေလည်းလိုအပ်နေတာပေါ့ ။ရာသီနဲ့လိုက်ပြီး ဖြစ်လာမယ့်ရောဂါတွေ အတွက် ဆေးဝါးတွေ လိုနေပါတယ်။ နောက်ရိက္ခာတွေလည်းညလိုအပ်နေပါတယ်” ဟု စစ်ရှောင်စခန်းမှ ဆရာမတဦးက ဆိုသည်။
စစ်ဘေးရှောင် စခန်းတွင် လူဦးရေ တသိန်းကျော်ရှိနေပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများမလုံမလောက် ဖြစ်နေရခြင်းဖြစ်သည်။ ပြီးခဲ့တဲ့ဇွန်လဒုတိယအပတ်က ထောက်ပံ့ရေးယာဥ် တစီးတိုက်ခိုက်ခံခဲ့ရပြီး ရိက္ခာများ မီးရှို့ဖျက်ဆီးခံ ခဲ့ရသည်။
“ပစ္စည်းတွေ တိုက်ရိုက်ပို့ဖို့တော့ အခက်အခဲရှိတယ်။ အလှူငွေလက်ခံပြီး သွားရဲတဲ့တယောက်နဲ့ ချိတ်ဆက်ပြီး ဝယ်ယူ စားသောက်နေရတယ်။ ငါးခြောက်နဲ့ ခေါက်ဆွဲကိုပဲ မှီပြီး စားနေရတာပေါ့” ဟု ၎င်းကဆိုသည်။
စားနပ်ရိက္ခာ အပြင်အမျိုးသမီးများနှင့် သက်ဆိုင်သော ဆေးဝါးများ၊ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစကလေးများ အတွက် အသုံးအဆောင်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေသည်ဟု ဆိုသည်။
ကယား (ကရင်နီ) ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် ဖိနှိပ်ခြင်းကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တို့တွင် ပြည်သူအများအပြား ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နေအိမ်နှင့် ပစ္စည်းများ လုယူ ဖျက်ဆီးခံရခြင်းနှင့် ရင်ဆိုင်နေရပြီး နေရပ်ပြန်ရန်အခက်အခဲရှိနေကြသည်။
လက်ရှိ အချိန်ထိ ကယား (ကရင်နီ) ပြည်နယ်တွင် စစ်တပ်၏ လက်ချက်ကြောင့်သေဆုံးသူ ၇၁ ဦးအထိရှိနေပြီး နေရပ်စွန့်ခွာသူဦးရေ ၁ သိန်းကျော်ရှိနေပြီဖြစ်သည်။
စစ်ကောင်စီက စစ်တွေမြို့ရှိ ဒေသခံများကို ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးမှုများရှိနေ
By Jar Seng / MPA ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ဖမ်းဆီးနှိပ်စက်မှုများကြောင့် သေဆုံးသူများလည်းရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း စစ်ရှုံးနေရသည့် စစ်ကောင်စီသည် ယခုနှစ်(၂၀၂၅ခုနှစ်)၊...