
6 June 2021_ By MPA
ကယားပြည်နယ် ဒီမောဆိုးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် KPDFတို့တိုက်ပွဲများဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လူသားဒိုင်းကာများအသုံးပြုခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ကထုတ်ပြန်ထားသည်။
ဇွန်လ၆ရက်နေ့မနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်မှုများပြုလုပ်လာသဖြင့် ဒီမောဆိုးတွင် စစ်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် အကြမ်းဖက်စစ်တပ်က ဒီမောဆိုးမြို့နယ်၊ ဒေါင်းငံခါးကျေးရွာရှိ ငြိမ်းချမ်းရေးသခင်မဘုရားကျောင်း ကို လက်နက်ကြီးဖြင့် ထုခံရပြီးပျက်စီးမှုများရှိခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် လူသားဒိုင်းကာအဖြစ် ဘုရားကျောင်းမှ စောင့်ရှောက်လျက်ရှိသော ဒါယိကာများကို အသုံးပြုခဲ့ကြောင်းကရင်အမျိုးသားကာကွယ်ရေးတပ်(KNDF)ကထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်အနေဖြင့်ယခုတိုက်ပွဲတွင်မှမဟုတ်ဘဲအခြားပြည်သူ့ကာကွယ်ရေးအဖွဲ့များတိုင်းရင်းသားလက်နက်ကိုင်မျာ’နှင့်ဖြစ်ပွားသောတိုက်ပွဲများတွင် လည်း လေကြောင်းစစ်ဆင်ရေးများပြုလုပ်ခြင်း ၊လူသားဒိုင်းကာများပြုလုပ်ခြင်း၊ လက်နက်ကြီးများဖြင့် လူနေအိမ်များကိုတိုက်ခိုက်ခြင်း၊ဖမ်းဆီးရမိသူများကို နှိပ်စက်ညှင်းပန်းခြင်း၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ရှောင်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိနေသည်။