2 June 2021_ By MPA
ကရင်ပြည်နယ်၊ မြဝတီမြိုတွင် ယနေ့ဖြစ်ပွါးသော ဖလူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၉ဦးနှင့် နယ်ခြားစောင့်တပ်(BGF)မှ ၃ဦး စုစုပေါင်း ၃၂ဦး သေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။
ကရင်ပြည်နယ် မြဝတီမြိုနယ် ဖလူးကျေးရွာတွင် ယနေ့နေ့လည် ၁နာရီအချိန် ဗိုလ်မုတ်သုန်ဦးဆောင်သော နယ်ခြားစောင့်တပ်(BGF)နှင့် ဗိုလ်ကျော်သက်ဦးဆောင်သော ခွဲထွက်တပ်(DKBA)တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့အပြင် ခွဲထွက်တပ်(DKBA) ဗိုလ်ကျောသက်ကို ဗိုလ်စမ်းအောင်၊ ဗိုလ်စလုံး၊ KNU One Command၊ Gen Z၊ အခြားလက်နက်ကိုင်များနှင့်အတူ နယ်ခြားစောင့်တပ်(BGF) 1022 တပ်ရင်းမှ တပ်ဖွဲ့ဝင်အချိုလည်း သွားရောက်ပူးပေါင်းမှုရှိကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းမှ ကြားသိရသည်။
ဖလူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပစ်လိုက်သော လက်နက်ကြီးကျည် ၁ လုံး ဖလူးကျေးရွာ တဖက်ကမ်း ထိုင်းဘက်ခြမ်း မဲ့ခို ကင်းရွာရှိ ယာယီစစ်ရှောင်စခန်းအတွင်း ကျရောက်ခဲ့ပြီး ထိုင်းစစ်သား ၁ ဦး နှင့် စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဇွန်လ ၂ ရက် မနက် ၄ နာရီခွဲဝန်းကျင်ခန့်ကလည်း မြဝတီမြို့ နှင့် မိုင် ၅၀ ခန့်အကွာ မြဝတီခရိုင် ဝေါလေမြို့ ရဲစခန်းအား လက်နက် အဖွဲ့တစ်ခုမှ RPG ဖြင့် ပစ်ခတ်မှုများ ရှိသလို ဝေါလေမြို့အနီးရှိ စစ်မြေပြင်အင်ဂျင်နီယာ (GE)တပ် အခြေချ လုပ်ငန်းခွင်နေရာရှိ နေအိမ်တဲများကို မီးရှို့ဖျက်ဆီးမှုများ နှင့် ပစ်ခတ်မှုများရှိနေ၍ ဝေါလေမြို့အနီး ဒေသခံပြည်သူများသည်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်ပြေး ခိုလှုံနေကြကြောင်း သိရသည်။