
By MPA
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၎င်းတို့ပါတီဝင်များယခုလတ်တလောတွင်အသေများနေသဖြင့် ကိုယ့်ကိုကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝအသုံးပြုပြီးခုခံကာကွယ်သွားမည်ဟု မေလ၂၈ရက်ရက်စွဲဖြင့်စာထုတ်ကြွေးကြော်ထားသည်။
၎င်းတို့၏ထုတ်ပြန်ချက်တွင် တပ်မတော်သားများရဲတပ်ဖွဲ့ဝင်များ၏မိသားစုများကို စာနာနားလည်းကြောင်းလည်းရေးသားထားသည်။
လက်ရှိအချိန်တွင် ပြည်သူလူထုအပေါ်နှိပ်စက်ညှင်းပန်းခြင်း၊သတင်းပေးဒလန်ပြုလုပ်ခြင်း၊အာဏာသိမ်းစစ်တပ်ကိုထောက်ခံသူများအနေဖြင့် အကြောင်းအမျိုးမျိုးဖြင့်သေဆုံးနေကြခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဘီးလင်းကြံ့ခိုင်ရေးဥက္ကဌမေလ၂၇ရက်နေ့တွင် သေနတ်ပစ်ခံရမှုကြောင့်သေဆုံးပြီးနောက်နေ့တွင် ယခုကဲ့သို့စာထုတ်ကြွေးကြော်ခြင်းဖြစ်သည်။