
By MPA
ရှမ်းနီမျိုးသားများတပ်မတော်၏ ဒုစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် မသမာသူတစ်ဦး၏လုပ်ကြံမှုကြောင့် ကျဆုံးသွားကြောင်းသိရသည်။
၄င်းသေဆုံးမှုနှင့်ပက်သက်ပြီး၂၆ရက်နေ့ကလုပ်ကြံခံရခြင်းဖြစ်ပြီး၂၇ရက်နေ့နံနက် ၉နာရီတွင်ကျဆုံးသွားခြင်းဖြစ်ကြောင်း ရှမ်းနီအသံသတင်းဌာနကဖော်ပြထားသည်။အဆိုပါ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် စဝ်ခွန်ကျော်နှင့်အတူ SNA တပ်သား နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူအား အသေဖမ်းဆီးရမိခဲ့သည်။
ဗိုလ်ချုပ်စဝ်ခွန်ကျော်သည်ABSDFစစ်ရေးတာဝန်ခံဟောင်းတစ်ယောက်ဖြစ်ပြီးအခြားအမည်များမှာ မြင့်စိုးနှင့်ရဲဘော်သံချောင်းတို့ဖြစ်သည်။
၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တွင် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်လည်းကောင်း တပ်မဟာ ၂၄၁ တပ်မဟာမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လွယ်တိုင်းလျန် ဌာနချုပ်ကိုတည်ထောင်စဥ်ပါဝင်ခဲ့သူလည်း ဖြစ်သည်။
၂၀၀၆ခုနှစ်ဇန်နဝါရီလတွင်တွင် ရှမ်းနီတပ်မတော်တည်ထောင်ရန််ပြုလုပ်ရင်းသတင်းပေါက်ကြားသည့်အတွက် ဗမာ့တပ်မတော်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီးတွင်ဖမ်းဆီးခြင်းခံရပြီး သေဒဏ်လေးကြိမ် အပြစ်ပေးခြင်းခံရသည် ။
၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်၏လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သည်။ ထို့နောက်ရှမ်းနီမျိုးသားများတပ်မတော် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ပြန်လည်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။