သာကေတမြို့နယ်၏အကြီးစား ဒလန််တဦးသည်မေလ၂၇ရက်နေ့နံနက်ပိုင်းတွင်၎င်း၏နေအိမ်တွင် သေနတ်ပစ်ခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။
“မနက် ၈နာရီဝန်းကျင်လောက်မှာဦးဘုန်းငွေ အပစ်ခံရတယ်လို့သိရပါတယ်။သူက မာန်ပြေလမ်း၂၀ရှေ့မှာနေတာ။ရာအိမ်မှူးလို့လဲသိရပါတယ်”ဟုသာကေတဒေသခံတဦးကဆိုသည်။
ဦးဘုန်းငွေ သည် အကြီးစားဒလန်ဖြစ်ကြောင်း သာကေတသတင်းအသိုင်းအဝိုင်းက အတည်ပြုထားသည်။
သာကေတမြို့နယ်တွင် ဒီကနေ့နက်တွင် အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များခြေရှုပ်နေပြီး ဗုံးပေါက်ကွဲမှုများလေးကြိမ်ထက်မနည်းဖြစ်ပေါ်လျက်ရှိသည်။လက်ရှိအချိန်တွင်ပြည်သူလူထုအပေါ်နိုင်ထက်စီးနင်းပြုလုပ်သောအကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များ၊၎င်းတို့ကိုထောက်ခံအားပေးသူများ၊အုပ်ချုပ်ရေးမှူးနှင့်ဒလန်များသေဆုံးမှုများဆက်တိုက်ဖြစ်ပေါ်နေသည်။
Photo- CJ