ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ၊ ကျန်စစ်သားလမ်းမကြီး၊ တပင်ရွှေထီး လမ်းမကြီးထောင့် ရေမြောင်းထဲတွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က အမည်မသိ အမျိုးသားတစ်ဦး ပြင်ပထိခိုက်ဒဏ်ရာမရှိဘဲ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ကျနော်တို့ကို ဖုန်းဆက်ခေါ်တယ်၊ မြောင်းထဲမှာ အသက်ရှင်သေးလား။ မရှင်သေးလားဆိုပြီး ကြည့်ဖို့အတွက်၊ အဲ့ရောက်တော့ ခန္ဓာကိုယ်က တောင့်နေပြီ၊ ပလုံကောက်တဲ့ အမျိုးသားထင်တယ်၊ ရပ်ကွက်ထဲက စွန့်ပစ်ထားတဲ့ လူတော့မဟုတ်ဘူး” ဟု မြတ်ကုသိုလ်(နာ/ကူ) အသင်းထံမှ သိရှိရသည်။
သေဆုံးသွားသော အမျိုးသားသည် အသက်အားဖြင့် ၅၀ ဝန်းကျင်ခန့်ရှိပြီး သေဆုံးသည့် အကြောင်းအရင်းအား တိတိကျကျ မသိရှိရသေးကြောင်း၊ အဆိုပါ အမျိုးသား၏ ရုပ်အလောင်းအား မြောက်ဥက္ကလာဆေးရုံ ၊ ရင်ခွဲရုံသို့ မြတ်ကုသိုလ်အသင်း(နာ/ကူ)အသင်းသားများမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။