By MPA CJ 022
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေလ ၂၅ရက်နေ့ ညကကျင်းပသည့် Thai Nineenentertain Award 2023 ဆုပေးပွဲတွင် သရုပ်ဆောင်ဒေါင်းနှင့် နှင်းသွေး ပါဝင်သရုပ်ဆောင်ထားသောထိုင်း၊ မြန်မာ ဇာတ်လမ်းတွဲ From Chaophraya to Irrawaddy အမည်ရှိသော ဇာတ်လမ်းတွဲမှ Thai Nineenentertain Award 2023 တွင် Drama of the Year နှင့် Creative Team of the Year ဆုကို ရရှိသွားသည်ဟု သိရပါသည်။
“ From Chaophraya to Irrawaddy ဇာတ်လမ်းတွဲတွင် ဒေါင်းမှာ မြဝတီ မင်းကြီး ဦးစ အဖြစ်ပါဝင် သရုပ်ဆောင်းထားကာ ထိုင်းအနုပညာရှင်များနှင့် တွဲရိုက်ထားသည့် ယင်းဇာတ်ကားမှာ ဒေါင်းက ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
“ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဇာတ်ကားမှာပါဝင်ခွင့်ရခဲ့တာဟာ ဘဝရဲ့အကြီးမားဆုံး အမှတ်တရတစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ဖို့ အချိန်တစ်လလောက်ထိုင်းနိုင်ငံကို လာခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အမိမြေကို မပြန်နိုင်သေးပါဘူး။ အမိမြေအတွက် တရားမျှတမှု အမြန်ရရှိချင်သလို လွမ်းလှပါပြီ။ “ စစ” ဇာတ်ကောင်နေရာမှာပါဝင်သရုပ်ဆောင်ဖို့ အခွင့်အရေးပေးခဲ့တဲ့ ရွေးချယ်ပေးခဲ့တဲ့အတွက် ထိုင်း ပီဘီအက်စ် ရုပ်သံလိုင်း၊ ဒါရိုက်တာ ပီးနတ်တို့ကိုလည်းကျေးဇူးတင်ပါတယ်။ အခုအချိန်ထိ ပံ့ပိုးကူညီပေးနေတဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာတိုင်ငံက ပရိသတ်များကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့တွေက ကျနော့်ဘဝအတွက်အရေးပါဆုံး လူသားတွေပါ” ဟု ဒေါင်းက ဆုပေးပွဲတွင် ကျေးဇူးတင်စကားဆိုခဲ့သည်။
လာမည့် ဇွန်လ ၁၀ ရက်နေ့တွင်ကျင်းပမည့် ထိုင်းနိုင်ငံ ရွှေရုပ်မြင်သံကြားဆုအတွက်လည်း From Chaophraya to Irrawaddy ထိုင်း-မြန်မာ ဇာတ်လမ်းသည် ရုပ်သံဇာတ်လမ်းတွဲနဲ့ ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ထားသေးသည်ဟု သိရှိရသည်။
Thai Nineenentertain Awards 2023 ၏ ဂုဏ်ထူးဆောင်ဆု ၁၄ ဆုတွင်
- (တော်ဝင်ဆု “ ဖျော်ဖြေရေးဓမ္မ” မစ္စတာ Thongchai McIntyre)
- ( The scenes of the year of the year person Award “ Kun Nopphon Komarachun” )
- (Family of the Year ဆု “ Silachai မိသားစု” )
- (Creative Team of the Year ဆု “ ကျောက်ဖရားမှ ဧရာဝတီသို့ ပြဇာတ်သတင်းပြန်ကြားရေးအဖွဲ့” )
- (တစ်နှစ်တာအကောင်းဆုံးသီချင်းဆု “ Song Yang Bad: Paper Planes” တေးဆို/Melody: Thanwa Ketsuwan Arranged: Thanwa Ketsuwan, Nakarin Khunpakdee)
- ( တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆု “ ဘိုဂီခြင်္သေ့” )7.( တစ်နှစ်တာအကောင်းဆုံးအဖွဲ့ အနုပညာရှင်ဆု “ ထိုင်း Thotsamit”
- ( တစ်နှစ်တာအကောင်းဆုံး MC ဆု “ Kanchai Kamnerdploy” )
- (တစ်နှစ်တာအကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို Mario Maurer)
- ( တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု “ Mai Charoenpura” )
- (တစ်နှစ်တာအကောင်းဆုံးဒရာမာဆု “ကျောက်ဖရားမှ ဧရာဝတီသို့”)
- (တစ်နှစ်တာအကောင်းဆုံးရုပ်ရှင်ဆု “ Maya Prismawong Six Characters” )
- (“ Bright Wachirawit Chivaree” အား Instagram ပေါ်တွင် ထိတွေ့ဆက်ဆံမှုအများဆုံးအထူးဆု၊)
- (M3″Freen-Becky” အပါအဝင် လူအကြိုက်ဆုံးဆု)တို့ ရရှိခဲ့ကြောင်းသိရပါသည်။
သရုပ်ဆောင်ဒေါင်းသည် အာဏာသိမ်း အချိန်ကတည်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်း ဖြစ်ပြီး ပြည်သူ့ဘက်မှ ရပ်တည်နေသည့် နွေဦးတော်လှန်ရေးအနုပညာရှင်တစ်ယောက်ဖြစ်ကာ တော်လှန်ရေးနှင့် ပတ်သတ်သည့် ကမ်ပိန်းများ၊ အမှတ်တရပစ္စည်းများကို ရောင်းချပြီး လိုအပ်သည့်နေရာများတွင် လှူဒါန်းမှုများပြုလုပ်ပြီး တော်လှန်ရေးရုပ်ရှင်များတွင်လည်း ပါဝင်ထားကာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဆုများ ရရှိထားသည်။


