ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊နောင်ချိန်းကျေးရွာနှင့်မြစ်ကြီးနားမြို့ဘက်ရှိ လမုန်ဇွတ်ကျေးရွာကြား ဧရာဝတီမြစ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စကာ လာမယ်သားဆိုသူ လောပန်းတစ်ဦးကတရားမဝင်ရွှေတူးဖော်နေကြောင်း လမုန်ဇွတ်ဒေသခံများက ပြောသည်။
“ အခုလိုရွှေခိုးတူ နေတာကြာပြီ။ကျွန် တော်တို့က စစ်ကောင်စီအစိုးရနဲ့ ပေါင်းလုပ်တယ်လို့ ထင်တယ်။လောပန်းနာမ ည်က လာမယ်သားလို့ သိရတယ်။ပြီးတော့ သူက အူပစ်ကျေးရွာမှာ နေတယ်လို့ သိရတယ်။” လို့ သူက ပြောပါတယ်။
အဆိုပါရွှေတူးဖော်ခြင်းကို နောင်ချိန်းကျေးရွာသားများကလည်းစစ်ကောင်စီသို့တိုင်ကြားခဲ့ရာ ရပ်တန့်ထားခဲ့သော် လည်း ယခုပြန်လည်တူးဖော်နေခြင်းဖြ စ်သည်ဟု ဆိုကြသည်။
“ မနှစ်က လုမုန်ဇွန်ဘက်က ကျောက်တွေကို နောင်းချိန်းဘက် ဖို့လာတာ တွေ့လို့ ကျွန်တော်တို့က လက်ရှိအစိုးရထံတိုင်ကြားပြီး၊ရဲတွေ စစ်သားတွေနဲ့ လိုက်ဖမ်းပေမယ့်မမိလိုက်ဘူး။ပြေးသွားကြတယ်။အခုတော့ ပြန်တူးနေပြီ။” လို့ နောင်းချိန်ကျေးရွာသားတစ်ဦးက MPA သို့ပြောသည်။
ကချင်ပြည်နယ်အတွင် စစ်အာဏာသိ မ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်ဆီးစေနိုင်သည့်လုပ်ငန်းများကို တရားမဝင်လုပ်ဆောင်နေမှုများ ပိုမိုများပြားလာသည်ဟု ဒေသခံ
ပြည်သူများက ဆိုကြသည်။