ကချင်ပြည်နယ်၊ပန်ဝါမြို့အနီးရှိ မြေရှားတူးဖော်ရာနေရာတစ်ခုတွင် ဧပြီ ၂၅ ညနေ ၉ နာရီအချိန်ခန့်က တောင်ပြိုပြီး အလုပ်သမားတစ်သေဆုံးပြီးကာတစ်ဦးပျောက်ဆုံးနေကြောင့် ထိုလုပ်ငန်းခွင့်မှအတည်ပြုပြောသည်။
“ တောင်ပြိုလို့ အားလုံးတဲထဲက လွတ်ရာသို့ထွက်ပြေးကြတယ်။တစ်ယောက်ကိုတော့ အလောင်းနဲ့တွေ့တယ်။” လို့
ပျောက်ဆုံးသူ၏သူငယ်ချင်းတစ်ဦးက MPA သို့ပြောသည်။
အဆိုပါတောင်ပြိုခြင်းသည် အရင်ရက်က မိုးပြင်းထန်စွာရွာသွန်းခဲ့ပြီးထိုနေရာတွင် သစ်ပင်များနည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ထိုနေရာတွင်နေထိုင်သူများက ဆိုကြသည်။
“ ကျွန်တော်တို့ နော်နော်လို့ခေါ်တဲ့ သူင ယ်ချင်းကို အခုထိတော့မတွေ့သေးဘူး ။” လို့ ပျောက်ဆုံးသူ၏သူငယ်ချင်းတစ်ဦးက MPA သို့ပြောသည်။
ထိုပျောက်ဆုံးသူနှင့်သေဆုံးသွားသူတို့သည် တခြားဒေသမှလာရောက်အ လုပ်လုပ်ကိုင်နေကြသူများသဖြင့်အမည်၊နေရပ်လိပ်စာအတိအကျမသိရကြောင့်လည်းဆိုကြသည်။
ထိုပန်ဝါမြို့ရှိ မြေရှားတူးဖော်ခြင်းလုပ် ငန်းများကို စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန်ယိန်းဦးဆောင်သော BGFပြည် သူ့စစ်အုပ်ချုပ်ရာ နေရာဖြစ်ကြောင်းသည်ဟုလည်း ဆိုကြသည်။