ကချင်ပြည်နယ်၊ဖာကန့်မြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တ စ်ပတ်အထိရှိပြီးဖြစ်သဖြင့်ဒေသခံပြည်သူများအခက်အခဲဖြစ်နေကြသည်ဟု ဆိုကြသည်။
အဆိုပါပြတ်တောက်နေမှုသည်ဧပြီ ၁၆ ရက်နေ့မှစပြီးယနေ့အထိလုံးဝပြန်မလာသေးကြောင့်လည်း ဆိုကြသည်။
“ မီးခဏခဏ ဖြတ်တောက်ခံရတာတော့ ဧပြီလ ၁၆ ရက်လောက်ကပဲ။မီးက တစ်ရက်လုံး နေ့ရော့ညပါမလာတာရှိတယ်။” လို့ လုံးခင်းဒေသခံတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့လျှပ်စစ်မီးဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူများ ချက်ပြုတ်စားသောက်ရန်နှင့်လုပ်ငန်းလည်ပတ်ရန် အခက်အခဲများစွာရှိနေကြောင်းလ ည်း ဆိုကြသည်။
“ ထမင်းချက်၊ရေချိုး၊ဖုန်းအားသွင်း၊ လိုင်းမရတာကအစ အလုပ်အဆုံးပေါ့။ မီးပြတ်လို့ တနိုင်တပိုင်ကျောက်ဖြတ်လုပ်ငန်း မလည်ပတ်နိုင်ဘူးလေ။တစ်ရက်နှစ်ရက်ဘဲဆိုတော့ ဆီနဲ့လုပ်နိုင်ပေမယ့်ရက်ကြာရင်တော့ ဆီဈေးမတတ်နိုင်ဘူးလေ။” ဟု မှော်စီဆာဒေသခံတစ်ဦးက MPA သို့ပြောသည်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့တွင်လည်း ဧပြီလ ၂၂ရက်နေ့က လျှပ်စစ်မီးကို အချိန်ဇယားများဖြင့် အုပ်စုလိုက်ပေးသွားမည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်လုပ်ငန်းမှထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် တစ်နိုင်ငံလုံးလျှပ် စစ်မီးပြတ်တောက်ချိန်ပိုများလာနေပြီးလုံးဝမရတော့သည့်နေရာဒေသများခည်းရှိနေသည်ဟု ပြည်သူများက ဆိုကြသည်။