ရန်ကုန်မြို့တွင် သင်္ကြန် ရေကစားသူ မရှိသလောက်နည်းပါးကြောင်းသိရသည်။
“ ဒီနေ့မနက် ၁၀နာရီက ရန်ကုန်မှာ အလုပ်ကိစ္စနဲ့ ရွှေတိဂုံဘက်သွားတော့ လမ်းတစ်လျှောက်မှာ လူတောင်မရှိဘူး။သင်္ကြန်အကြိုနေ့သာပြောတယ် ခြောက်ကပ်ကပ်ပဲ။လှိုင်က ရပ်ကွက်တွေထဲမှာတောင် လူမရှိဘူး” ဟု လှိုင်မြို့နယ် နေပြည်သူတစ်ဦးကပြောသည်။
စစ်တပ်များသည့် မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်များတွင် သင်္ကြန်အကြိုနေ့၌ ရေကစားကြသူများရှိကြောင်း မင်္ဂလာဒုံမြို့နယ်၊ ငါးကန် ရပ် နေပြည်သူတစ်ဦးကပြောသည်။
“ ဒီမှာတော့ မနက်ကမပက်ပေမယ့် ညနေ ၃နာရီလောက်ကစပက်တယ်။မဏ္ဍပ်အသေးလေးတွေလုပ်တာတော့ ရှိတယ်။ဒါပေမယ့် ကိုယ့်ရပ်ကွက်ထဲမှာပတ်ကြတာပါ” ဟု ငါးကန်ရပ် အပိုင်း ၃နေပြည်သူတစ်ဦးကပြောသည်။
ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင်လည်း သင်္ကြန်ရေကစားသူမရှိသည့်အပြင် လူများ၊ကားများလည်း မရှိဘဲ ခြောက်ကပ်လျက်ရှိသည်။