ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁) ရှိ ကျေးရွာတရွာအနီးသို့ စစ်ကောင်စီဘက်မှ ဧပြီလ (၁၁)ရက်နေ့ ည(၇)နာရီခန့်က ဂျက်ဖိုက်တာဖြင့် (၄)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
” ဒီနေ့တော့ ထိတွေ့မှု မရှိသေးဘူး။ ၉ ရက်နေ့ မနက်က ဖြစ်တဲ့ မြေပြင်တိုက်ပွဲနေရာမှာ ဗုံးထပ်ကြဲတာ။ အထိအအခိုက် အကျအဆုံးတော့ မရှိဘူး။ မြေပြင်ကင်းပုန်းရှိမယ်ထင်လို့ ကျဲတာလား ဒါမှမဟုတ် အရပ်သားပြည်သူကို ပစ်မှတ်ထား ကျဲတာလားမသိဘူး” ဟု CDF-Mindat သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်းဌာန တာဝန်ခံမှ MPA ကိုပြောသည်။
ဧပြီလ (၉)ရက်နေ့ မနက်ပိုင်းက မင်းတပ်မြို့နယ်၊မကွေး၊ ယော အစပ်တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ အဓိအခိုက်အကျအဆုံးများ၍ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဝင်ရောက်ပစ်ခဲ့ကြောင်းလည်း သိရှိရသည်။