စစ်ကောင်စီက တပ်မတော်နေ့ကို ဂုဏ်ပြုသော စောင်နီလေးတစ်ထည် ဇာတ်ကားသည် သမိုင်းတု သမိုင်းမှားများ တင်သွင်းပေးခြင်းဖြင့် ဝါဒဖြန့်ကာ ကချင်တိုင်းရင်းသားများကို လူမျိုးရေး မုန်းတီးမှုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ကချင်နိုင်ငံရေးတက်ကြွလူငယ် တစ်ဦးထံမှ သိရသည်။
“ စစ်ကောင်စီက သူတို့ အင်အားလျော့ အားနည်းလာလို့ သူတို့ စစ်တပ်ကို အားကိုးယုံကြည်နေတဲ့ ဗမာတိုင်းရင်းသားတချို့ကို ဆက်ထိန်းထားနိုင်ဖို့ သမိုင်းတု ဇာတ်လမ်းဆင်ထားတဲ့ ဝါဒဖြန့် ဗီဒီယိုဖြစ်တယ်လို့မြင်တယ်။ ဒီ ဇာတ်လမ်းက တစ်ကယ်တော့ ကချင်လူမျိုးတွေကို ရည်ရွယ်ပြီး ရိုက်ထားတာတွေ့ရတယ်။ ဒါကို ကြည့်ရင် ကချင်တိုင်းရင်းသားတွေကို လူမျိုးရေး မုန်းတီးမှု ဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ ရိုက်ထားတာဖြစ်လို့ ဒီဇာတ်လမ်းကို ရှုတ်ချတယ်” ဟု ၎င်းက ပြောသည်။
စောင်နီလေးတစ်ထည်ဆိုသည့် ဇာတ်ကားသည် နိုင်ငံရေးကစားကွက်တစ်ခု (သို့) ယတြာ တစ်ခုဖြစ်နိုင်ကြောင်းလည်း Karenni People Defense Force – KPDF တပ်သားတစ်ဦးက ဆက်လက်အသိပေးသည်။
“ သူတို့က အရင်ကတော့ များသောအားဖြင့် ကရင်တွေကို ရည်ညွှန်းရိုက်ကူးတာတွေ့ ရပြီး အခုတော့ ကချင်တွေကို မြားဦးလှည့် ရိုက်ကူးလာတယ်ဆိုတော့ ကချင်ကို တစ်ခုခု ဦးတည် ကြံစည်တော့မယ်ဆိုတဲ့ နိုင်ငံရေးသဘောပေါ့။ ပြီးတော့ ခေါင်းစဉ်ကိုက စောင်နီလေး တစ်ထည်တဲ့၊ စကိုင်းဘက်က *** (စစ်ကောင်စီ) တချို့ သေတဲ့အခါ စောင်နီခြုံထားတာတွေ့တော့ ယတြာချေတဲ့ ဇာတ်ကားဖြစ်မယ်လို့လည်း ထင်တယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
စစ်ကောင်စီ၏ စောင်နီလေးတစ်ထည်ဆိုသည့် ဝါဒဖြန့် ဇာတ်ကားကို စစ်ကောင်စီထောက်ခံသည့် Facebook page ၊ Telegram စသည့် ဆိုရှယ်မီဒီယာတစ်ချို့ တွင် တင်ထားပြီး ဇာမ်လမ်းအပိုင်းများဖြင့် ဖြန့်ဝေလျက်ရှိနေသည်။ လက်ရှိတွင် ယင်းဇာတ်ကားအတွင်း ပါရှိသည့် ကချင်အခေါ်အဝေါ်တချို့နှင့် အသုံးအနှုန်းများသည်လည်း မှားယွင်းနေသည့်အတွက် ဝေဖန်မှုများ ရှိနေသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>>
Telegram Link – https://t.me/MPANews
Twitter Link – https://twitter.com/mmpressphoto
MPA English Website – https://mpapress.com/en