မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရစ် ချောလက် အင်ဒိုနီးရှားနှင့်ထိုင်းသို့ ခရီးစဉ် ယနေ့စတင်ပြီဖြစ်သည်။
ဒဲရစ်ချောလက်၏ အင်ဒိုနီးရှားနှင့်ထိုင်းခရီးစဉ်သည် မတ်လ၂၀မှ ၂၄ရက်နေ့အထိဖြစ်ပြီး ယင်း၂နိုင်ငံ ၏ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါ ဆိုးရွားလာနေသည့် မြန်မာ့အကျပ်အတည်း နှင့်ပတ်သက်ပြီး ပြည်သူလိုလားသည့်အဖြေရအောင် ငြိမ်းချမ်းသည့်နည်းဖြင့် မည်သို့ ဆောင်ရွက်ကြမလဲဆိုသည်ကို ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“အင်ဒိုနီးရှားနဲ့ကတော့ ၂၀၂၃ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌနေရာကို အင်ဒိုနီးရှားက ယူပြီးက တည်းက ငုတ်တုတ်မေ့နေတဲ့ အာဆီယံမူ၅ရပ်ကိစ္စ ဘယ်လိုဆက်ရွေ့မလဲဆိုတာ ဆွေးနွေးကြမယ် ထင်ပါတယ်။ထိုင်းနဲ့က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်က ဒီနေ့အထိ အပြုသဘောဆောင်တဲ့ ပူးပေါင်းပါဝင်မှုမရှိသေးတဲ့အပေါ် ဖိအားပေးမယ်လို့ မျှော်လင့်မိတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
စစ်ကောင်စီသည် အာဆီယံမူ၅ရပ်ကို လုံးဝဖော်ဆောင်ခြင်းမရှိသလို ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် မြန်မာ့အရေးမည်သို့ကိုင်တွယ်ရမလဲဆိုသည်ကို အကျပ်ရိုက်နေကြောင်း၎င်းကပြောသည်။
ဒဲရစ်ချောလက်သည် အမေရိကန်အစိုးရကိုယ်စားပြု မြန်မာ့အရေးကို အဓိကကိုင်တွယ်နေသူဖြစ် သည်။