ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင် ဝင်ရောက်လာကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁၆ရက်)တွင် တပ်သား ၂ ဦး တို့သည် MA 2 သေနတ်၁လက်၊ ကျည်၊ ဗုံးသီး၊ နင်းမိုင်း၊ ထောင်မိုင်းတို့နှင့်အတူ လာရောက်ပူးပေါင်းကြောင်း CDF-Senthang ကထုတ်ပြန်သည်။
၎င်းတို့ ၂ ဦးကို CDF-Senthang က နွေးထွေးစွာ ကြိုဆိုပြီး ထိုက်တန်သော ဆုကြေးငွေများချီးမြှင့်ကာ လုံခြုံသောအရပ်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ခလရ(၂၆၆)မှ တပ်သား ၃ ဦး တို့သည် MA1 သေနတ်၁လက်၊ ကျည်ဆန်တို့နှင့်အတူ ပြည်သူ့ရင်ခွင်ဝင်ရောက်ခဲ့ပြီး ၎င်းတို့ကို ထိုက်သင့်သော ဆုငွေ ချီးမြှင့်ကာ လုံခြုံစိတ်ချရာဒေသသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Senthang ကဆိုသည်။
CNO/CNDF ကမူ လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ဝင်လာသူများကို ချီးမြှင့်ငွေ ၂ ဆ တိုးကာ ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။