စစ်တပ်မှ မတရား အာဏာသိမ်းယူပြီးနောက် လမ်းမပေါ်တွင် ပထမဦးဆုံး ဆန္ဒပြခဲ့သည့် မန္တလေးမြို့သည် 2023 ခုနှစ် ဖေဖော်ဝါရီ လ (၁) ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်အား သွေးမအေးသည့်အနေဖြင့် အသံတိတ်သပိတ်( silent strike) ကို မနက် ( ၁၀:၀၀ ) နာရီ အချိန်ခန့်မှ ညနေ ( ၃:၀၀ ) နာရီ အချိန်ထိ တော်လှန်ရေးတွင် အသက်ပေးသွားကြသည့် သူရဲကောင်းများ ၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံခေါင်းဆောင်များ ၊ ပြည်သူများ ၊ တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အင်အားစု လက်နက်ကိုင်များနှင့် နည်းတူ တော်လှန်းရေးတွင် သွေးမအေးကြောင်း မန္တလေးမြို့နေ ပြည်သူများမှ အသံတိတ်သပိတ်တွင် မန္တလေးတစ်မြို့လုံးရှိ ပြည်သူများဆင်နွှဲပြီး အကြမ်းဖက်စစ်ကောင်စီအား ရွံ့ရှာမုန်းတီးကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
အကြမ်းဖက်စစ်တပ်မှ နေ့စားများခေါ်ယူပြီး တပ်မတော် ထောက်ခံပွဲ ပြုလုပ်လျက်ရှိသော်လည်း မန်းလေးမြို့နေပြည်သူများမှ အသံတိတ်သပိတ်တွင် မြို့လုံးကျွတ် ပါဝင်လျက်ရှိကြောင်း သိရသည်။















