ပြီးခဲ့တဲ့ အောက်တိုဘာ ၉ရက်နေ့ ညက စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သော ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက် စစ်ရှောင်စခန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်း – မြန်မာ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေး တက်ကြွလှုပ်ရှားသူလူငယ်တွေက ဒီကနေ့ အောက်တိုဘာလ ၁၂ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တစ်နေရာမှာ စုပေါင်းကာ သရုပ်ဖော်ပြသခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မုန်လိုင်ခက် စစ်ရှောင်စခန်းမှာတဲ့ နှစ်လသားအရွယ် ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ အယောက် ၃၀ထက် မနည်း သေဆုံးခဲ့သလို အယောက် ၆၀နီးပါးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ယောဒေသ၌ စစ်ကောင်စီက ရိက္ခာဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ခပ်စိပ်စိပ်လုပ်ဆောင်နေ
By Hlaing / MPA မကွေးတိုင်းမြောက်ပိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၌ စစ်ကောင်စီက ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထပ်မနည်း လုပ်ဆောင်နေပြီး အမြောက်တပ်နှင့် ပျူစောထီးကျေးရွာများတွင် ရိက္ခာဖြည့်တင်းနေကြောင်း ဒေသခံများနှင့် တော်လှန်တပ်ဖွဲ့များထံမှ သိရသည်။ ၂၀၂၅ ခုနှစ်၊...