စစ်ကောင်စီတပ်၏ခြိမ်းခြောက်မှုကြောင့် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသခံ၅၀၀ ခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ရှောင်နေကြရကြောင်းသိရသည်။
မြန်မာ-ထိုင်း နယ်စပ် တစ်ခု ဖြစ်သော ထိုင်းနိုင်ငံ ပကျွပ်ခရိုင်၊ ဘန်စဲဖန်မြို့နယ် ခေါင်လွဲရွာသို့ မြန်မာ စစ်ဘေးရှောင် ၅၀၀ နီးပါး ရောက်ရှိနေကြောင်း စစ်ရှောင် ကူညီပေးနေသူများထံက သိရ သည်။
အဆိုပါ စစ်ဘေးရှောင် ၅၀၀ နီးပါး သည် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ ရတနာပုံ (မိုင်း) ကျေးရွာနေသူများဖြစ်သည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြော သည်။
“ပထမ ထွက်လာတာက ၃၅၀ ဝန်းကျင်လောက်ပဲ ရှိတာပါ ၊နောက်တော့ တဖြည်းဖြည်းနဲ့ ထပ်ပြီး ထွက်လာနေလို့ အခုဆိုရင် ၅၀၀ နီးပါး အထိ ရှိနေပြီ”ဟု၎င်းက ပြော သည်။
ဒီဇင်ဘာလ ၃ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရတနာပုံဒေသရှိ စစ်ကောင်စီတပ်၏ နယ်စပ်စခန်းကုန်း ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီးနောက် ရတနာပုံ (မိုင်း) ကျေးရွာ သားများကို စစ်ကောင်စီ တပ်ဖွဲ့က လာရောက် ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများသည် ပစ်ခတ် ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ရွာလုံကျွတ် ထွက်ပြေးတိမ်းရှောင်လာရကြောင်း သိရ သည်။
“အခု စစ်ရှောင်တွေက ထိုင်း-မြန်မာ နယ်စပ် မြစ်ကြားပေါ်က ရွာ တစ်ရွာမှာ သွားရောက် ခိုလှုံနေရတယ် ဆိုပေမယ့် စစ်တပ်က လာဖမ်းမှာကိုလည်း စိုးရိမ်နေရတယ်”လို့ ဘုတ်ပြင်း အခြေစိုက် ပြည့်သူ့ကာကွယ်ရေးတပ် တပ်မတော်၊ ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်းမှ PDF ရဲဘော် တစ်ဦးက ပြော သည်။
လက်ရှိတွင် ၎င်း စစ်ဘေးရှောင် များကို ထိုင်းဘက်က အနည်းငယ် ကူညီပေးမှု ရှိနေသော်လည်း စစ်ရှောင် ဦးရေ များနေသည့် အတွက် အဝတ်၊ အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်းသိရ သည်။