By MPA 001
နန်းထိုက်အောင်စစ်ဆင်ရေး ပထမအကြိမ်အဖြစ် WYသုံးရန် အိမ်သို့ပြန်လာသည့် စစ်မှုထမ်းဟောင်း ဥက္ကဌ ဦးမောင်ယုအား PRDFတပ်ဖွဲ့မှ ရှင်းလင်းစဉ် လက်ပစ်ဗုံးနှစ်လုံး၊WYစိတ်ကြွဆေးပြားများနှင့် ကွန်ဒုံးများသိမ်းဆည်းရမိခဲ့ကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့၏ ခေါင်းဆောင်တစ်ဦးကပြောသည်။
အထက်ပါ ပုလောမြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဌ ဦးမောင်ယုကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့ ညနေ ၄နာရီခန့်က ရှင်းလင်းနိုင်ခဲ့ပြီး ဖမ်းဆီးစဉ် ပြန်လည် ခုခံသဖြင့် ပုလောမြို့နယ်၊သင်္ကန်းမော်နှင့် ရွှေလုံးအော် လမ်းခုလတ်တွင် သေနတ်ဖြင့် ၈ချက်ပစ်သတ်ခဲ့ကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့၏ ခေါင်းဆောင်တစ်ဦးကရှင်းပြသည်။
“ ဒါက ပုလောရဲ့ ပထမဆုံးနန်းထိုက်အောင်စစ်ဆင်ရေးပေါ့။ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးလုပ်ဆောင်တာပါ။မောင်ယု တော်လှန်ရေးအစထဲက ပျူစောထီးတွေရဲ့ အကြီးဆုံးခေါင်းဆောင်ပေါ့။သူကိုယ်တိုင်လဲ ကျွန်တော်တို့ကိုလာတိုက်တဲ့အခါ လမ်းပြပေးတာတို့ ပါဝင်ကူညီတာတို့ ခနခနရှိတယ်။သူ့မှာ သေနတ်ရှိတယ်ဆိုတာသိပေမယ့် လက်ပစ်ဗုံးနှစ်လုံးပဲ သိမ်းနိုင်ခဲ့တယ်။အခင်းဖြစ်နေရာမှာပဲသေသွားပါတယ်” ဟု ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့၏ ခေါင်းဆောင်တစ်ဦးက အသေးစိတ်ရှင်းပြသည်။
နန်းထိုက်အောင်စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် PRDFတပ်ဖွဲ့ဝင်တစ်ဦးက အုပ်ချုပ်ရေးမှုးရုံးမှ အိမ်သို့ ဆေးချရန်ပြန်လာသည့် ဦးမောင်ယုအားရှင်းလင်းပြီးနောက် စစ်ဘက်သုံး လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်း တလုံး၊ Wave i (125) ဆိုင်ကယ်အဖြူတစီး၊ ငွေသား (၉) သိန်းကျပ်၊ မှတ်ပုံတင် (၈) ခု၊စိတ်ကြွဆေးပြား(WY) ၈လုံး၊ခဲပြားတပြား(WYသုံးသည့်ခဲပတ်)ကွန်ဒုံး (၂) ခု၊ လက်စွပ် (၃) ကွင်း၊ဆေးထိုးအပ်နှင့် ဆေးဝါးများကို သိမ်းဆည်းရရှိခဲ့ကြောင်း MPAသို့အတည်ပြုပြောကြားသည်။
“ သူ့ဖုန်းကို ကျွန်တော်တို့စစ်ဆေးတဲ့အခါ စစ်ခွေးတွေဆီ သတင်းပေးတာတွေ၊PDFတွေ မဟာမိတ်တပ်ပေါင်းစုတွေအကြောင်းသတင်းပို့ထားတာတွေ့တယ်။နောက်တစ်ခု အပြာကားတွေ ရာချီတွေ့ခဲ့တယ်။သူက ပုလောမှာ ဘိသိက်ဆရာတစ်ဦးအဖြစ်နဲ့လည်းကျော်ကြားတဲ့သူပေါ့။လက်ရှိမှာ ကျွန်တော်တို့ သိမ်းဆည်းထားပြီးပါပြီ။သေနတ်ကတော့ ရှာမတွေ့ခဲ့ဘူး” ဟု နန်းထိုက်အောင်စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် PRDFတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ယမန်နေ့က နန်းထိုက်အောင်စစ်ဆင်ရေးဖြင့် ရှင်းလင်းခဲ့သည့် ဦးမောင်ယုသည် အကြမ်းဖက်စစ်ကောင်စီတပ်အာဏာသုံးချိန်မှ စတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ လက်နက်ကိုင်ဆောင်နေသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ၎င်း၏ ထောက်ခံချက်ဖြင့် ခန့်ထားသူတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
လက်ရှိမှာ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF)အနေဖြင့် လက်နက်ခဲယမ်းလိုအပ်ချက်များစွာရှိနေသဖြင့် အလှူငွေများစွာလိုပ်နေပြီး နန်းထိုက်အောင်စစ်ဆင်ရေးကို အရှိနဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MPAမှ တစ်ဆင့် အသိပေးပြောဆိုသည်။