ထိုင်းနိုင်ငံသည် နိုင်ငံအတွင်း ကုန်စျေးနှုန်းများမြင့်တက်လာသောကြောင့် အလုပ်သမားများ၏ အခြေခံလာစာများကို တိုးမြှင့်ပေးသွားရန် စီစဉ်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီး Suchart Chomklin သည် အခြေခံလုပ်ခလစာများ တိုးမြှင့်ပေးမည့် အစီအစဉ်ကို လာမည့် အောက်တိုဘာလတွင် အဆုံးသတ်ပြီးစီးအောင် လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ယင်း အစီအစဉ်သည် လာမည့် နှစ်တွင် စတင်အကောင်အထည်ပေါ်လာဖွယ်ရှိနေပြီး ဥပဒေသည် အကောင်အထည်ဖော်ရန် ရာခိုင်နှုန်းများကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီး Suchart Chomklin က“အခြေခံလူသုံးကုန်ပစ္စည်းတွေ စျေးတက်နေပြီဖြစ်တာကြောင့် လစာတွေလည်းတိုးဖို့ အချိန်တန်ပါပြီ”ဟု အသိပေးထားသည်။
လုပ်ခလစာတိုးမြှင့်ပေးမှုအခြေအနေတွင် ပြည်နယ်အလိုက် ကွဲပြားမည်ဖြစ်ပြီး ပြည်နယ်တစ်ခုနှင့် တစ်ခု လစာတိုးမြှင့်ပေးမှု ပုံစံ တူညီမည်မဟုတ်ကြောင်းလည်း pattayamail သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအနေဖြင့် အခြေခံလုပ်အားခအဖြစ် တစ်နေ့လျှင် ဘတ် ၃၅၀ ဝန်းကျင် ရရှိနေသူများရှိသလို အချို့ အထောက်အထားမဲ့ဖြင့် လာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများမှာ တစ်နေ့လျှင် ဘတ် ၂၅၀ ဝန်းကျင်သာ ရရှိကြသည်ဟု MPA အနေဖြင့် စုံစမ်းသိရှိရသည်။