ရခိုင်ပြည်နယ်အတွင်း တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်များ ဆက်လက်ဆင်နွှဲ လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် AA က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း AA သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မောင်တော၊တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို အလုံးသိမ်းပိုက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲမြိုအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တစ်ခုလုံး စစ်ကောင်စီတပ် ကင်းစင်ရေးသည် မိမိတို့၏ စစ်ရေးရည်မှန်းချက်ဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးမှ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်လည်းဖြစ်မည်ဟု အပြည့်အဝယုံကြည်ကြောင်းလည်း AA က ဆိုသည်။


