ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော ဗျူဟာကုန်းနှစ်ခုကို ရက္ခိုင့်တပ်တော် AA ကသိမ်းပိုက်နိုင်ခြင်းသည် ဒေသခံများအတွက် အကျိုးအမြတ်များစွာရရှိနိုင်ကြောင်း စစ်ရေးနိုင်ငံရေးနှင့် လူ့အခွင့်အရေးလေ့လာသုံးသပ်သူများက ဆိုသည်။
“ဗျူဟာကုန်းနှစ်ခုလုံးက အိန္ဒိယကိုသွားတဲ့ အချက်အချာကျတဲ့ လမ်းမပေါ်မှာတည်ဆောက်ထားတာဖြစ် တယ်။ တစ်နည်းအားဖြင့် အိန္ဒိယနယ်စပ်ကိုထိန်းနိုင်တဲ့၊ ကုလားတန်မြစ်ကိုလည်း စိုးမိုးထားနိုင်တဲ့ ဒေသ ဖြစ်လို့ အထူးအရေးပါတယ်။ နောက်တစ်ခုက ကုလားတန်မြစ်ကို စစ်ကောင်စီက အခုချိန်မှာပိတ်ထား တယ်ဆိုပေမယ့် ရက္ခိုင့်တပ်တော်အနေနဲ့ ဒီမြစ်ကိုလည်းတောက်လျှောက် ထိန်းထားနိုင်မယ်ဆိုရင် ဒေသ ခံတွေက တစ်ဖက်နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေးတွေမှာ အဆင်ပြေလာနိုင်တယ်ပေါ့” ဟု ရခိုင့်လူ့အခွင့် အရေးမြှင့်တင်သူတစ်ဦးက သုံးသပ်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တရွန်အိုင်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ပြီး ၆ ရက်အကြာတွင် နှုံးဘူးဗျူးဟာကုန်းကိုလည်း ထပ်မသိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့် တပ်တော်က ဒီဇင်ဘာလ ၁၁ ရက်၊ ည ၁၁နာရီက သတင်းထုတ်ပြန်ခဲ့သည်။
“စစ်ကောင်စီကတော့ သိတဲ့အတိုင်းပဲ သူတို့စစ်အနိုင်ရရေးအတွက် ပြည်သူကိုပစ်မှတ်ထားဒုက္ခပေးနေ တာပဲလေ။ သူတို့အနေနဲ့ အရမ်းအရေးပါလှတဲ့ ဒီဗျူဟာကုန်းနှစ်ကို စွန့်လွှတ်လိုက်ရခြင်းက သူတို့ သိက္ခာကိုများစွာ ထိခိုက်မှုဖြစ်စေတာပေါ့။ ပလက်ဝမှာသာ မြို့သိမ်းတိုက်ပွဲလို ဖြစ်လာမယ်ဆိုရင် ဒေသခံတွေကို လက်နက်ကြီးနဲ့ ပစ်တာတို့ လေယာဉ်နဲ့ဗုံးကြဲတာတို့ကို လုပ်လာနိုင်တာပေါ့။ ပလက်ဝက မြေပြန့်ဒေသလိုမဟုတ်တဲ့အတွက် ဒေသခံတွေအတွက်တော့ စိုးရိမ်ရတာပေါ့”ဟု ရခိုင့်နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးဖေသန်းက ပြောသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် နယ်စပ်ဒေသကို ထိန်းချုပ်ရန်အတွက် ကြိုးစာနေခြင်းဖြစ်သောကြောင့် ကျန် ရှိနေသေးသည့် နယ်ခြားစောင့် တပ်စခန်းများကိုလည်း တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနိုင်ပြီး နယ်စပ်ဒေ သရှိ စစ်ကောင်စီအထိုင်ဗျူဟာကုန်းများကိုလည်း ထပ်မံသိမ်းပိုက်သွားမည့်အနေအထားတွင်ရှိကြောင်း ၎င်းက ထပ်မံသုံးသပ်သည်။
“အခုကတော့ ပလက်ဝမြို့နယ်က ပြည်သူတွေ အားလုံးနီးပါးက စစ်ရှောင်နေတာဖြစ်တယ်။ ပြည်သူတွေ ရဲ့ ၃ ပုံ ၂ ပုံက စစ်ကောင်စီရဲ့ ဗုံးကြဲတဲ့ ဒဏ်၊ လက်နက်ကြီးဒဏ်တွေကို ရှောင်နေရတယ်။ ရွာမှာနေ တယ်ဆိုရင်လည်း ပြည်သူတွေက လုံခြုံနေတာမဟုတ်ပါဘူး။ ပလက်ဝမြို့ပေါ်ကနေ ထွက်ချင်တဲ့ ပြည် သူတွေလည်း အများကြီးကျန်နေပါသေးတယ်”ဟု ပလက်ဝမြို့နယ်၊ အမှတ် (၂)ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က MPA ကို ပြောသည်။
ရက္ခိုင့်တပ်တော်က နှုံးဘူးဗျူဟာကုန်းကို ၂၇ ရက်ကြာ ထိုးစစ်ဆင်နေသည့်ကာလအတွင်း စစ်ကောင်စီ တပ်ကလက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ပြန်လည်ခုခံခဲ့သော် လည်း ရက္ခိုင့်တပ်တော်အနေဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်ရရှိခြင်းနှင့်အတူ နှုံးဘူးဗျူဟာမှူး၏ ရုပ်အလောင်းအပါအဝင် စစ်ကောင် စီတပ်သားအချို့၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အများကိုလည်း ရက္ခိုင့်တပ်တော် AA ကသိပ်ပိုက်ရရှိခဲ့ကြောင်း သိရသည်။