တနင်္သာရီတိုင်း၊ မြိတ်မြို့၊ တောင်ရှည်ကျေးရွာတွင် ကျူရှင်လာတက်သည့် ကိုးတန်းကျောင်းသူကို ဆရာ မ၏ခင်ပွန်းက ဆေးကြောင်ကာ ပုဆိန်ဖြင့်ခုတ်လိုက်သောကြောင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ်တစ်ခု နို ဝင်ဘာ နောက်ဆုံးပတ်အတွင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ကျူရှင်ဖွင့်ထားသည့် နေအိမ်အပေါ်ထပ်တွင် ကိုးတန်းကျောင်းသူမိန်းကလေးမှာ ကျူရှင်ချိန်စောနေသ ဖြင့် ဖုန်းထိုင်သုံးနေစဉ် မူးယစ်ဆေးစွဲနေသည့် ကျူရှင်ဆရာမ၏ခင်ပွန်းက ရုတ်တရက်အိပ်ခန်းအတွင်း မှထွက်လာပြီး ပုဆိန်ဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဆရာမယောကျာ်းက ဆေးသမား၊ ဆေးကြောင်ပြီး ကလေးမကို ခုတ်သတ်ပစ်လိုက်တာ။ အရပ်ထဲက လူတွေကလည်း ယောကျာ်းက ဆေးသမားမှန်းမသိကြတော့ အဲဒီဆရာမဆီမှာ ကလေးတွေကို ကျူရှင် ထားကြတာပေါ့။ သူ့ကျူရှင်မှာတက်တဲ့ကလေးတွေက အယောက် (၂၀) လောက်အထိရှိတယ်။ ကလေး တွေအကုန်ရောက်တဲ့အချိန်ဖြစ်ခဲ့ရင် မတွေးရဲစရာဘဲ” ဟု ဒေသခံတစ်ဦးက MPA ကိုပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်ခဲ့သည့် အမျိုးသားမှာ အသက် (၃၀) ခန့်ရှိပြီး အသက် (၁၅) နှစ်အရွယ် ကိုးတန်းကျောင်း သူအား ပုဆိန်ဖြင့်ခုတ်နေသည်ကို မြင်တွေ့သဖြင့် ဝင်ဆွဲသောမိန်းကလေး၏ အဖိုးဖြစ်သူကိုပါ ပုဆိန်ဖြင့် ထပ်မံခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကလေးမလေးကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ဝင်ဆွဲတဲ့ အဖိုးဖြစ်သူကတော့ လက်နဲ့ ခန္ဓာကိုယ် အရှေ့ခြမ်းမှာ ဒဏ်ရာရသွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး” ဟု ကူညီဆောင် ရွက်ပေးခဲ့သည့် ဒေသခံပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် ပြစ်ကျူးလွန်သူအမျိုးသားကို ကျေးရွာအတွင်းနေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီး ခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများကဆိုသည်။
“ အဖိုးကြီးက ကယ်ကြပါဦး ကျွန်တော့်မြေးလေးကို သတ်နေပါတယ်ဆိုပြီး အော်တော့ အရပ်ထဲကလူ တွေထွက်လာပြီး ဝိုင်းဖမ်းကြလို့အဖိုးကြီး မသေတာ။ ကလေးမလေးကတော့ ကံမကောင်းခဲ့ပါဘူး။ ဆရာ မရဲ့မိသားစုနဲ့ နီးစပ်သူတစ်ချို့ကပြောမှ သူ့ယောကျာ်းကဆေးသမားမှန်းသိကြတာ” ဟု ဝိုင်းဝန်းဖမ်းဆီး ရာတွင်ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။