ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်းရှိ နေအိမ်တစ်အိမ်၌ နိုဝင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီအချိန်တွင် အိမ်ရှင်လည်ပင်းကိုဓားဖြင့်လှီး၍ အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသ ခံများထံက သိရသည်။
အခင်းဖြစ်ပွားခဲ့သည့်နေအိမ်တွင် အိမ်ရှင်ဖြစ်သူ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးရောက်ရှိလာခဲ့ပြီး အိမ်ရှင်အမျိုးသား၏ လည်ပင်းကိုဓားဖြင့်ထောက်ကာ အိမ်ရှိအ ဖိုးတန်ပစ္စည်းများ ပေးရန်တောင်းဆိုသည်ကို ငြင်းဆန်ခဲ့သဖြင့် လည်ပင်းကိုဓားဖြင့်လှီးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အဲ့ဒီလူနှစ်ယောက် အနုကြမ်းစီးနေတာကို ဘေးအိမ်ကသိပြီး အကူအညီတောင်းလို့ ရပ်ကွက်ထဲက လူ တွေ ဝိုင်းဖမ်းကြတာ။ တစ်ယောက်ကိုမိပေမယ့် နောက်တစ်ယောက်ကတော့ လွတ်သွားတယ်” ဟု ဖြစ် စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက MPA ကို ပြောကြားခဲ့သည်။
အနုကြမ်းစီးသူကို ဝိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်သူတစ်ဦးကလည်း “ ရပ်ကွက်ထဲက လူတွေဖမ်းမိလိုက် တဲ့ တစ်ယောက်ကိုတော့ တော်တော်လေး ဝိုင်းသမလွှတ်လိုက်တယ်။ ပြီးတော့ သုဝဏ္ဏရဲစခန်းကို ပို့ပေး လိုက်တယ်။ အိမ်ရှင်အမျိုးသားကတော့ လည်ပင်းလှီးခံရတဲ့ဒဏ်ရာက သွေးထွက်လွန်နေလို့ ရပ်ကွက်ထဲ က တက္ကစီတစ်စီးနဲ့ပဲ ဆေးရုံပို့ပေးလိုက်ရတယ်။ စခန်းက အရေးယူလိုက်ပါ့မယ်ဆိုပြီးတော့ ခေါ်ထား လိုက်တာပဲ ဘယ်လိုဆက်လုပ်မလဲတော့ မသိသေးဘူး” ဟု ဆိုသည်။
ရန်ကုန်တိုင်းအတွင်း အနုကြမ်းစီး လုယက်သတ်ဖြတ်မှုများ ယခင်ကထက် ပိုမိုဖြစ်ပွားလာခဲ့ပြီး လူနေထူ ထပ်သည့် ရပ်ကွက်များအတွင်းမှာပင် ယခုကဲ့သို့ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလာသဖြင့် လူစိမ်းများကို သတိထားနေထိုင်နေရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
“ အခုနောက်ပိုင်း ဒီလိုဖြစ်စဉ်တွေ မကြာခဏဖြစ်လာတော့ လူစိမ်းဆို အိမ်တံခါးလွယ်လွယ်ကူကူမဖွင့် ပေးရဲဘူး။ ဘယ်လောက်အရေးကြီးကိစ္စပဲဖြစ်ဖြစ် တံခါးလာခေါက်တဲ့လူကို သေချာအောင် ပုလိပ်စစ် အရင်စစ်ရတယ်။ တံခါးမဖွင့်ပေးလို့ ဘာမှမဖြစ်ဘူး ဖွင့်ပေးပြီး ခုလိုလုပ်သွားရင် ကိုယ်ပဲခံရမှာ” ဟု အနုကြမ်းစီးမှုဖြစ်ပွားခဲ့သည့် နီလာလမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၉) ရက်က ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းအတွင်းရှိ (၈) လွှာတိုက်ခန်းတွင်နေထိုင်သည့် အသက်ကြီးပိုင်းညီအစ်မနှစ်ဦး သတ်ဖြတ်ခံရ သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။