ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့(မေ ၃ရက်)၌ တိုက်တည်ထောင်သည့် သက်တမ်း ၁၆နှစ်ရှိ Tachileik News Agency ယာယီ ရပ်နားကြောင်း ယင်းသတင်းဌာနက ထုတ်ပြန်ထားသည်။
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်က စတင်တည်ထောင်ပြီး သတင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့သော Tachileik News Agency အား ၂၀၂၅ခုနှစ်၊ ယနေ့( မေ ၃ရက်)မှ စတင်ကာ ယာယီရပ်နားလိုက်ကြောင်း ၎င်း၏ စာဖိတ်ပရိသတ် များကို အသိပေးကြေညာအပ်သည်ဟု ဆိုထားသည်။
“ ဘယ်ခေတ်မှာ မဆို သတင်းဌာန တစ်ခုရပ်သွားရရင် ကျတော်တို့ နံရိုးတစ်ချောင်း နှုတ်ခံလိုက်ရသလိုပါပဲ၊ သတင်းမီဒီယာဆိုတာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ အမုန်းတရားကို ခံခဲ့ရတာတွေကြီးပါပဲ၊ ဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ဖြစ် ရပ်နားခဲ့ရတဲ့ သတင်းဌာနတွေ ပြန်လာနိုင်ဖို့ အမြဲမျှော်လင့်ပါတယ် ” ဟု မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် အမည်မဖော်လိုသည့် သတင်းသမားတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ မတရားဆောင်ရွက်မှုများကို ဖော်ပြရေးသားသည့် သတင်းဌာန အများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ရပြီး ကိုယ်ပိုင်ငွေဖြင့် ရပ်တည်နိုင်ခြင်းမရှိသောကြောင့် နိုင်ငံတကာ အလှူရှင်များ အကူအညီဖြင့် ရပ်တည်နေကြရသည်။
ထိုကဲ့သို့ မီဒီယာများကို အများဆုံးကူညီပေးသည့် နိုင်ငံသည် အမေရိကန်နိုင်ငံဖြစ်ပြီး ဒေါ်နယ်လ် ထရမ့် သမ္မဖြစ်ပြီးနောက် အဆိုပါအကူအညီများကို ရပ်တန့်လိုက်သည့်အတွက် သတင်းမီဒီယာအများစု အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။