အောက်တိုဘာ ၅ရက်တွင် MPA ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးဖြစ်သူ ကိုထက်ဝေ (ခ) Brain Wei (အသက် ၃၃နှစ်) သည် ရုတ်တရက် ကြွေလွင့်ခဲ့ရခြင်းအား MPA သတင်းဌာနမှ လုပ်ဖော်ကိုင်ဖက်ဟောင်းများ အပါအဝင် ဌာန တစ်ခုလုံး နှမြော ၀မ်းနည်းမိပါသည်။
ကိုထက်ဝေသည် သတင်းမီဒီယာအလုပ်ကို စနစ်တကျလုပ်ကိုင်နိုင်သူ တစ်ဦးဖြစ်ပြီး မြန်မာပြည်သူများ သတင်းမှန် သိရှိနိုင်ရန် သတင်းဓာတ်ပုံများနှင့် သတင်းများကို အစဉ်အမြဲ ရေးသားနေသူဖြစ်သော သတင်းသူရဲကောင်း တစ်ဦး ဖြစ်သည့်အတွက် မြန်မာ့ သတင်းလောကကြီး တစ်ခုလုံးအတွက် နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်လေသည်။
ကိုထက်ဝေအနေဖြင့် MPA သတင်းဌာနနှင့် လက်တွဲခဲ့သည့် အချိန်များအပါအဝင် သတင်းမီဒီယာ အသီးသီး၌ အလုပ်လုပ်ကိုင်စဉ်ကာလတစ်လျှောက် စာဖတ်ပရိတ်သတ်များအပေါ် စေတနာထားခဲ့ပြီး အဖိနှိပ်ခံ လူထုနှင့်အတူ ရပ်တည်ပေးခဲ့သူ ဖြစ်သည်။
အချိန်မတိုင်မီ အကြွေစောခဲ့ရသူ ကိုထက်ဝေအား MPA အပါအ၀င် မြန်မာသတင်းလောကတစ်ခုလုံးက ထာ၀ရ အမှတ်ရနေပါမည် ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် နှုတ်ဆက်လိုက်ရပါသည်။