By Ko Paing / MPA
အာဆီယံအနေနှင့် သွေးစွန်းနေသည့် စစ်အုပ်စုနှင့် လက်ဆွဲနှုတ်ဆက်မှုများ ရပ်တန်းက ရပ်ချိန်တန်ပြီဟု Defend Myanmar Democracy က သတိပေးလိုက်သည်။
အာဆီယံ၏ မြန်မာနိုင်ငံသံတမန်ရေးရာ နေရာသည် တရားမဝင် အာဏာသိမ်းယူရန် ကြိုးပမ်းနေသော စစ်အုပ်စုအတွက် မဟုတ်ကြောင်းအာဆီယံသည် လေးနှစ်တာကာလအတွင်း မဖြစ်မြောက်သည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်ခဲ့ပြီး စစ်အုပ်စုကို အစည်းအဝေး ပေါင်း ရာကျော် ဖိတ်ခဲ့သော်လည်း မည်သည့်အကျိုးရလဒ်မှ မထွက်လာခဲ့ဘဲ သွေးထွက်သံယိုမှုများသာ ပိုလာကြောင်း အရပ်ဖက်အဖွဲ့ Defend Myanmar Democracy က ယနေ့ (မေလ၁၀ရက်)ထုတ်ပြန်သည်။
“စစ်အုပ်စုနဲ့ လက်ဆွဲနှုတ်ဆက်မှုတိုင်းဟာ လူသတ်ကောင်ကို အားဆေးကျွေးနေတာပါ”ဟု Defend Myanmar Democracy က ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွက် တရားမျှတမှုမှာ အာဆီယံအနေဖြင့် ပြည်သူများအား ကာကွယ်ပေးသော၊ ကိုယ့်ပြည်သူ ကိုယ်ပြန်မသတ်သော သူများအား နေရာပေးခြင်းမှ စတင်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။
မဲဆောက်အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “အာဆီယံမူ၅ရပ်က အလုပ်မဖြစ်ဘူးဆို တာ အာဆီယံရော နိုင်ငံတကာကပါ သိပေမဲ့ ဆက်လုပ်စရာဘာမှမရှိလို့ မူ၅ရပ်ကပဲ အမှန်တရားဆို တာမျိုးနဲ့ မျက်လုံးစုံမှိတ်ဆုပ်ကိုင်ထားတာ။အာဆီယံက စစ်ကောင်စီကို အရေးယူဖို့ဆိုတာမရှိဘူး။ စစ်ကောင်စီရဲ့ အရေးယူမှုကိုပဲ အာဆီယံခံရမယ့်သဘောလားလို့ မေးခွန်းထုတ်ရတော့မယ်”ဟုဆို သည်။
နီးကပ်လာပြီဖြစ်သည့် ၄၆ ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ အစည်းအဝေးများ တွင် သဘာဝဘေးအန္တရာယ်အား အမှန်တကယ် ကိုင်တွယ်ဖြေရှင်း ကူညီပေးနေသော အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရကိုသာ ဖိတ်ကြားရန် Myanmar Democracy က တိုက်တွန်းထားသည်။