By Ko Paing / MPA
စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် ပတ်သက်မှုမရှိလျှင် ရန်ကုန်မြို့၌ ညဘက် အပြင်မထွက်ရန် ရဲအရာရှိ တစ်ဦးက သတိပေးလိုက်သည်။
ရန်ကုန်မြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ညဘက် အပြင်ထွက်ရာက ဖမ်းဆီးခံရသည့် လူငယ်မနည်း တော့ကြောင်းနှင့် ဖမ်းဆီးခံရပြီးနောက် ငွေဖြင့် ပြန်မရွေးနိုင်ပါက စစ်မှုထမ်းသင်တန်းသို့ ကျိန်းသေ ပေါက်ရောက်ရှိကြောင်း ရန်ကုန်အခြေစိုက် ရဲအရာရှိက ပြောသည်။
“ရန်ကုန်မှာ စစ်တပ်နဲ့ရဲတွေ ညဘက် ကင်းလှည့်တယ်ဆိုတာ ငွေရှာတာ။ရန်ကုန်မှာ ညဆိုတာ စစ် ကောင်စီအတွက် ငွေတွင်းကြီးပဲ။မကြာသေးဘူး၊မြောက်ဒဂုံမှာ လူငယ်တစ်ယောက်ပဲ၊ ည၁၁နာရီ လောက်ကြီး လမ်းထိပ်မှာ အမှိုက်ထွက်ပစ်တာ ကင်းကားနဲ့တိုးပြီး ပါသွားတယ်”ဟု ၎င်းက MPA သို့ပြောသည်။
စစ်ကောင်စီတပ်သည် ဆင်ခြေဖုံးရပ်ကွက်များအတွင်းရှိ ဝင်ရထွက်ရ လွယ်သော လမ်းမများထဲအထိ ကင်းလှည့်လေ့ရှိကြောင်း ၎င်းက ဆိုသည်။
ဧပြီလအတွင်း ရန်ကုန်တိုင်း၌ လမ်းမပေါ် ဖမ်းဆီးခံရသူ ၂၉ ဦး၊ ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၆ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၂၂ ဦးနှင့် အခြားသောအကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခံရသူ ၂၇ ဦး ရှိကြောင်း Rangoon Scout Network က ဖော်ပြထားသည်။
ယင်းဖမ်းဆီးခံရသူများထဲတွင် ငလျင်ဘေးအတွက် အလှူခံနေသူ ၁၄ဦးပါဝင်ပြီး ငွေများကို သိမ်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း Rangoon Scout Network က ဆိုသည်။