• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
17 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

PDFကို စစ်ရေး၊ စည်းရုံးရေးနှင့် အုပ်ချုပ်ရေးစွမ်းရည် ပြည့်မီသည့် တပ်မတော်အဖြစ်တည်ဆောက်ထားနိုင်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ဆို

Thar Nge Lay by Thar Nge Lay
May 5, 2025
in နိုင်ငံရေး
0
0
PDFကို စစ်ရေး၊ စည်းရုံးရေးနှင့် အုပ်ချုပ်ရေးစွမ်းရည် ပြည့်မီသည့် တပ်မတော်အဖြစ်တည်ဆောက်ထားနိုင်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ဆို
Share on FacebookShare on Twitter

By MPA

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စစ်ရေး၊ စည်းရုံးရေးနှင့် အုပ်ချုပ်ရေးစွမ်းရည် ပြည့်မီသည့် တပ်မတော်အဖြစ် တည်ဆောက်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ (မေ ငါးရက်) တွင် ကျရောက်သည့် PDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

” အဲ့ဒီအတွက် အားလုံးကို အထူးဂုဏ်ပြုကြောင်း ပြောကြားလိုတယ်။ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် ပြည့်မီတဲ့ တပ်မတော်တစ်ရပ် တည်ဆောက်ထားနိုင်တာကို တွေ့ရလို့ လေးစားဂုဏ်ယူတယ် ” ဟု ၎င်းက ပြောသည်။

ထို့ပြင် တော်လှန်ရေးအောင်ပွဲ နီးသထက်နီးအောင် ကြိုးပမ်းနေကြသည့် ရဲဘော်များအားလုံး စိတ်ဓာတ်ကျဆင်းခြင်းမရှိဘဲ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းကာ နိုင်ငံသူ နိုင်ငံသားအားလုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ထောင်နိုင်ရန်အတွက် ကျန်းမာရွှင်လန်းစွာဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က ဆုမွန်တောင်းထားသည်။

PDF တည်ထောင်ထားသည့် လေးနှစ်တာကာလအတွင်း ရဲဘော်များ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ စွန့်လွှတ်ပေးဆပ်မှု၊ ရောင့်ရဲတင်းတိမ်မှုနှင့် အနစ်နာခံမှုများသည် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တမ်းများဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

တိုင်းပြည်ဘဏ္ဍာငွေကို နှစ်ပေါင်းများစွာ စိတ်ကြိုက်အသုံးပြု တည်ဆော်ကထားသည့် စစ်တပ်ကို လေးနှစ်အတွင်း PDF ရဲဘော်များ၏ ရဲစွမ်းသတ္တိဖြင့် တိုက်ပွဲဝင်ခဲ့ရာ အေင်မြင်မှုအတိုင်းအတာ ရရှိထားပြီလဲဆိုသည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

” ဒီအောင်မြင်မှုတွေမှာ ငါတို့နဲ့အတူ တသွေးတစ်သားထဲ ရပ်တည်တိုက်ပွဲပေးခဲ့ကြတဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသတွင်း ကာကွယ်ရေးဆိုင်ရာ တပ်တွေကိုလည်း မေ့ထားလို့မရဘူး ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ မြန်မာပြည်ဖွား တိုင်းရင်းသား မိသားစုများ၏ ပံ့ပိုးကူညီမှု၊ ထောက်ခံအားဖြည့်မှုများကြောင့် အင်အားကြီးမားသည့် စစ်တပ်ကို အကောင်းဆုံး ဖိအားပေးတိုက်ပွဲဝင်နေနိုင်နေခြင်းဖြစ်သောကြောင့် ပြည်သူများကိုလည်း မေ့ထားရန် မသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ယင်းအပြင် PDF များ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲဖြစ်ကြောင်း၊ PDF သည် တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ခြုံငုံပြီး စစ်ဆင်ရေးနယ်မြေများကို ဖွဲ့စည်းဆောင်ရွက်ထားပြီဖြစ်သလို စနစ်တကျဖွဲ့စည်းအုပ်ချုပ်များနှင့် ပြည်သူ့တပ်မတော်တစ်ရပ်အဖြစ် အကောင်အထည်ဖော်နေသည်ဟု ၎င်းက ပြောသည်။

Tags: PDFစည်းရုံးရေးပြည်ထောင်စုဝန်ကြီးချုပ်အုပ်ချုပ်ရေးစွမ်းရည်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စစ်ရေး

PDF လေးနှစ်အတွင်း စစ်မှန်သည့် တော်လှန်ရေးရဲဘော်နှင့် တပ်မှူးကောင်းများ ထွက်ပေါ်လာဟုဆို

May 7, 2025
PDF လေးနှစ်အတွင်း စစ်မှန်သည့် တော်လှန်ရေးရဲဘော်နှင့် တပ်မှူးကောင်းများ ထွက်ပေါ်လာဟုဆို

By Ko Paing/MPA ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) လေးနှစ်သက်တမ်းအတွင်း စစ်မှန်သည့် တော်လှန်ရေးရဲ ဘော်အများအပြားနှင့် တပ်မှူးကောင်းများ ထွက်ပေါ်လာကြောင်း NUGအစိုးရ၊သယံဇာတနှင့်သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ပြောသည်။ ထို့အပြင် လေးနှစ်တာအတွင်း ရေပေါ်ဆီများကိုလည်း စစ်ထုတ်နိုင်ခဲ့ပြီဟုလည်း ပြောသည်။ “မြန်မာ့တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ...

Read more
by MPA
0 Comments
သတင်း

ဒီးမော့ဆိုမြို့ပေါ်တွင် PDF ရဲဘော်တစ်ဦး ဆွဲကြိုးချအနေအထားဖြင့် သေဆုံးနေ

Apr 30, 2025
ဒီးမော့ဆိုမြို့ပေါ်တွင် PDF ရဲဘော်တစ်ဦး ဆွဲကြိုးချအနေအထားဖြင့် သေဆုံးနေ

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ်တွင် PDF ရဲဘော်တစ်ဦးအား ဆွဲကြိုးချအနေအထားဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။ ယနေ့(ဧပြီ ၃၀ရက်) ၊ နံနက် တစ်နာရီ ၂၀မိနစ်ဝန်းကျင်က အမည်မသိအမျိုးသားတစ်ဦးအား ဒေသခံများမှ ဒီးမော့ဆိုမြို့ပေါ်၊...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့်တပ် PDF နှင့်ထိတွေ့မှုဖြစ်၊ အရာရှိအပါအဝင် စစ်သားသုံးဦးသေဆုံးဟုဆို

Apr 20, 2025
ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့်တပ် PDF နှင့်ထိတွေ့မှုဖြစ်၊ အရာရှိအပါအဝင် စစ်သားသုံးဦးသေဆုံးဟုဆို

By Hsu Yee/MPA ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်တပ် PDF တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိအပါအဝင် စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ (ဧပြီ ၂၀ရက်) နံနက် ၅နာရီ မိနစ်၂၀ခန့်တွင်...

Read more
by MPA
0 Comments
Fact Check

လေးမျက်နှာမြို့နယ် ပန်းတောကြီးရွာကို AA နှင့် PDF များ ဝင်ရောက်မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား

Apr 19, 2025
လေးမျက်နှာမြို့နယ် ပန်းတောကြီးရွာကို AA နှင့် PDF များ ဝင်ရောက်မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှား

By Wadi/MPA ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ပန်းတောကြီးရွာကို AA နှင့် PDF များ မီးရှို့ဖျက်ဆီး ဆိုသည့် သတင်း အမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ “Kyaw Swar” youtube ချန်နယ်က...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အာဆီယံ ဥက္ကဌတို့ အွန်လိုင်းမှ တွေ့ဆုံ

Apr 18, 2025
NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အာဆီယံ ဥက္ကဌတို့ အွန်လိုင်းမှ တွေ့ဆုံ

By MPA အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့သည် ယနေ့(ဧပြီ ၁၈ရက်)၊ နံနက်ပိုင်းတွင် Teleconference မှ တွေ့ဆုံခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

ဖြူး ငလျင်ဒဏ်သင့် နေအိမ်နှင့်လမ်းတံတား ပြုပြင်ရန် အလှူရှင်များကိုယ်စား PDF လှူဒါန်း

Apr 7, 2025
ဖြူး ငလျင်ဒဏ်သင့် နေအိမ်နှင့်လမ်းတံတား ပြုပြင်ရန် အလှူရှင်များကိုယ်စား PDF လှူဒါန်း

By Hsu Yee / MPA ပဲခူးတိုင်း ၊ ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်နှင့် လမ်းတံတားများ ပြုပြင်ရန် အလှူရှင်များကိုယ်စား ဖြူးမြို့နယ် ပကဖက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဧပြီ ခြောက်ရက်တွင်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

အပစ်ရပ်ထားသည်ဆိုသော စစ်ကောင်စီတပ် သပိတ်ကျင်းတွင် ဗုံးနှစ်ကြိမ် ကြဲချ

Apr 4, 2025
အပစ်ရပ်ထားသည်ဆိုသော စစ်ကောင်စီတပ် သပိတ်ကျင်းတွင် ဗုံးနှစ်ကြိမ် ကြဲချ

By Ra Wai / MPA စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲသည်ဟု ကြေညာ‌ထားသော်လည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ဗုံးနှစ်ကြိမ် ကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဧပြီ သုံးရက်၊ မွန်းလွဲ ၁၂နာရီ မိနစ်၄၀ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ခုနှစ်မိုင်ရွာအနီးသို့ စစ်တပ်က...

Read more
by MPA
0 Comments
ငလျင်ဘေး

ဖြူး ငလျင်ဒဏ်သင့်ပြည်သူများကို NUGနှင့် ဒေသခံPDFတို့ ငွေလှူဒါန်း

Apr 4, 2025
ဖြူး ငလျင်ဒဏ်သင့်ပြည်သူများကို NUGနှင့် ဒေသခံPDFတို့ ငွေလှူဒါန်း

By Hsu Yee/MPA ပဲခူးတိုင်း ၊ ဖြူးမြို့နယ်ရှိ ငလျင်ဒဏ်သင့် ပြည်သူများကို NUGအစိုးရနှင့်ဒေသခံPDFတပ်ဖွဲ့တို့က ငွေလှူဒါန်းခဲ့ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဖြူးမြို့နယ်၊နတ်လောင်းရွာမှ အိမ်၃၃လုံး၊ မအူပင်ရွာမှ အိမ်ခြောက်လုံးနှင့် သစ်ချဆိပ်ရွာမှ အိမ်ခြောက်လုံး စုစုပေါင်းနေအိမ်...

Read more
by MPA
0 Comments
နိုင်ငံရေး

PDF များလက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းဝင်ရောက်ရန် စစ်ကောင်စီခေါင်းဆောင်ပြော

Mar 27, 2025
PDF များလက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းဝင်ရောက်ရန် စစ်ကောင်စီခေါင်းဆောင်ပြော

By  MPA PDF များ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းဝင်ရောက်ရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ယနေ့( မတ် ၂၇ရက်)တွင် ကျရောက်သည့် နှစ် ၈၀မြောက်တော်လှန်ရေးနေ့ (စစ်တပ်မှ တပ်မတော်နေ့ဟုပြောင်းလဲထား)မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDFအဖွဲ့တွေ(မူရင်းအကြမ်းဖက်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

အထိနာခဲ့သော ကျောက်တံခါးတပ်စခန်းတွင် စစ်သားရော လက်နက်အင်အားပါ တိုးမြှင့်ထား

Mar 27, 2025
အထိနာခဲ့သော ကျောက်တံခါးတပ်စခန်းတွင် စစ်သားရော လက်နက်အင်အားပါ တိုးမြှင့်ထား

By Hsu Yee/MPA ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခြင်းခံခဲ့ရသည့် စဉ့်အိုးလဟာရွာ တပ်စခန်းတွင် စစ်သားရော လက်နက်အင်အားပါ တိုးမြှင့်ထားကြောင်း သိရသည်။ မတ်လ ၂၅ရက်၊ နံနက် နှစ်နာရီကျော်တွင် စဉ့်အိုးလဟာ စစ်ကောင်စီအထိုင်စခန်းကို KNLA နှင့်...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In